Pages

02 March, 2011

လူရိုင်းများနှင့် မူး ကိုမြစ်ထင်နေသူတို့အကြောင်း

     ဂျပန်ကနေအလည်အပါတ်နဲ့းပြန်လာတယ်ဆိုရင်ပဲ sa shi mi  (သားစိမ်း၊ ငါးစိမ်း) တွေစားခဲ့တယ်ဆိုတဲ့အကြောင်း
     တွေ့သမျှကို မနားတမ်း ပြောကြရတာ အမောပေါ့။
     ဂျပန်မှာ sa shi mi စားခဲ့တာဂုဏ်ယူစရာလားကွယ်။ ဒါမှမဟုတ် အထင်ကြီးခံချင်တာလား??
     နတ်ဩဇာပဲ စားမိသလိုလို၊ ခက်ပါဘိ။
     ဘယ်လိုပဲ သန့်အောင်၊ ကျက်အောင် လုပ်ထားပါတယ်ပဲပြောပြော အစိမ်း ဟာ အစိမ်းပါပဲ။

     သား၊ ငါးတွေ အစိမ်းစားရင် ဘာလဲ??
     ကျုပ်တို့ကတော့ လောလောဆယ် အစိမ်းစားရင် လူရိုင်းလို့ပဲသတ်မှတ်ထားသေးတယ်
     အသည်းအစိမ်းတို့၊ မြင်းသားအစိမ်းတို့ သိပ်ကောင်းဆိုပဲဗျို့
     ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့အထဲက ရှောင်ရှားရမယ့်သားကြီးငါးကြီးတွေထဲမှာ
     "မြင်းသား"လည်းပါဝင်ပါတယ်

     ဒါနဲ့  အစိမ်းစားတာ အရမ်းကျန်းမာတယ်ဆိုပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် ဂျပန်တို့ရဲ့လေကောင်းကောင်းမိနေတယ်
     ဆိုတာကိုတွေ့ရပါတယ်။
     "လိမ္မော်သီးစားရင် အအေးမမိတာ" တို့၊ "ဂျင်းစားရင်ကျန်းမာတယ်"တို့  ဆိုတာ
     ဂျပန်တွေခဏခဏပြောတတ်တဲ့ ကလေးအထာ တွေပေါ့။

     ကျုပ်တို့သိထားတာကတော့ အစိမ်းစားတာများလာတဲ့အခါ လူ့ဝမ်းတွင်းကအနံ့ဆိုးထွက်လာပါတယ်။
     ဝင်လေထွက်လေမှာတင် အဲဒီအနံ့ဆိုးကထွက်နေပါတယ်။

     ကျုပ်တို့ဗမာလူမျိုးတွေလည်း တခါတလေ ရေလိုက်လွဲတတ်ကြတယ်။
     ရောမရောက်ရင်ရောမလိုကျင့်ရမယ့်အထဲမှာအဲဒါတွေမပါဘူး
     ဂျပန်ရောက်တာနဲ့ပဲ ဂျပန်နဲ့တူအောင်လို့ အစိမ်းစားရတာနဲ့၊ ဆကဲ (sa ke) လေးငြိမ့်ရတာနဲ့ 
     ငါးပါးသီလဆိုတာလဲမေ့၊ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ဗမာဆိုတာတောင်မေ့နေကြပြီ။

     စာကြွင်း။ ။ ဆကဲ (sa ke) ဆိုသည်မှာ မြန်မာလိုဘာသာပြန်လျင် အရက် ဟု ရသည်
                   မည်သည့်အရက်မှန်သမျှကို ဂျပန်လို sa ke ဟုခေါ်ခြင်းဖြစ်သည်။

     TV အစီအစဉ်တွေမှာလည်း အစားအသောက်ပိုင်းက အများသား။
     ပင်လယ်ထဲသွားပြီး ငါးပေါက်စလေးတွေဖမ်း၊ အရှင်လတ်လတ်ကိုထမင်းနဲ့စားတာတွေ ရိုက်ပြရတာနဲ့၊
     ငါးတွေ ကိုယ်တိုင်ကိုယ်ကျဖမ်းပြီး ပျော်မွေ့နေရတာနဲ့ ပါဏာတိပါတာဆိုတာကိုသိဖို့ဆိုတာဝေးရောပေါ့
  
 ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေရဲ့နောက်ကွယ်မှာစိတ်ပိုင်းဆိုင်ရာဆုတ်ယုတ်မှုဟာတဖြည်းဖြည်းမြင့်မားလာတတ်ပါတယ်

No comments:

Post a Comment