Pages

15 June, 2012

မြန်မာ့နိုဗယ်ဆုရှင်




မြန်မာအဝတ်အစားပဲ ဝတ်တယ်
အင်္ဂလိပ်လို ကျွမ်းကျင်စွာပြောတတ်တယ်
(မှတ်ချက်။   ။စာရွက်ကြည့်ပြောခြင်း၊ သူများရေးပေးထားတာတွေပြောခြင်းမရှိပါ)

မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုတယ်
မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးအတွက် ဂုဏ်တက်စေတယ်





10 June, 2012

“ကိုယ့်နိုင်ငံမဟုတ်ဘဲ သူတို့လူမျိုးတွေ ဘာဖြစ်လို့ ဒီလောက်တောင် များနေရတာလဲ”






အစိမ်းရောင် လွင်ပြင် 

ဓာတ်ပုံကတော့ ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီရွာတစ်ရွာရဲ့ ပုံပါ။
ရခိုင်ပြည်နယ်ကို ခရီးထွက်ခဲ့တုန်းက နေရာအနှံ့မှာ ဘင်္ဂလီတွေရဲ့ ရွာတွေ ၊ ဘင်္ဂလီ လူမျိုးတွေကို တွေ့ခဲ့ရတော့
“ကိုယ့်နိုင်ငံမဟုတ်ဘဲ သူတို့လူမျိုးတွေ ဘာဖြစ်လို့ ဒီလောက်တောင် များနေရတာလဲ.” လို့ ရခိုင် တိုင်းရင်းသားတွေကို မေးမိတယ်။
ရခိုင် တိုင်းရင်းသားတွေက“ဟိုးအရင်ကတည်းက “လဝက” တွေကလည်း သူတို့ကို သူတို့ရဲ့နိုင်ငံကို ပြန်ပို့ပါတယ်တဲ့..
ဒါပေမဲ့ ဘယ်လောက်မှ မကြာဘူး ပြန်ပြန်ရောက်လာတယ်. ကျွန်တော်တို့ ဟိုဘက်မှာ မနေချင်ပါဘူး.. ဒီနိုင်ငံမှာဘဲ နေပါရစေ..
ဒီနိုင်ငံမှာဘဲ လုပ်ကိုင်စားတတ်ပါတယ် တဲ့၊ ကျွန်တော်တို့ကို သတ်ချင်လည်း သတ်ပါတော့ ၊ ကျွန်တော်တို့ ဟိုဘက်ကိုမပြန်ပါရစေနဲ့ ” လို့ သူတို့က တောင်းပန်ပြီး လုပ်ကိုင်ရှာဖွေ စားသောက်ဖို့ အခွင့်အရေး အများကြီးရှိတဲ့ ရခိုင်ပြည်နယ်ထဲမှာဘဲ ကုတ်ကပ်ပြီး ဆက် နေခဲ့ကြတယ်လို့ ” ကျွန်မကို ပြန်ရှင်းပြပါတယ်။ ကျွန်မတို့ တိုင်းရင်းသား လူမျိုးတွေရဲ့ အားနည်းချက်ကလည်း တစ်ဖက်သားကို သနားတတ်၊ အားနာတတ်တဲ့ စိတ်က ရှိတော့အဲဒီလိုနဲ့ဘဲ ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂလီတွေ အလွန်များပြား အင်အား ကောင်းနေခဲ့ပုံ ရပါတယ်။
လဝကရဲ့ အကျင့်ပျက် ခြစားမှုနဲ့ အားနည်းချက်တွေကြောင့်လည်း အများကြီးပါမှာပါဘဲ။
ရခိုင်ပြည်နယ်သူ ပြည်နယ်သားတိုင်း ၊ ရခိုင်ပြည်နယ်ကို ရောက်ဖူး သူတိုင်း ဘင်္ဂလီကျေးရွာတွေ ၊ ဘင်္ဂလီလူမျိုးတွေ
ဘယ်လောက်တောင် များတယ် ဆိုတာ သိကြပါတယ်။ ကိုယ်တိုင်ရောက်ခဲ့မှလည်း သူတို့တွေဟာ ကိုယ့်နိုင်ငံအတွင်းမှာ
ဘယ်လောက်တောင် စိမ့်ဝင်နေတယ်ဆိုတာ သတိထားမိရပါတယ်။ ဒီတော့ ခုလို ပြဿာနာမျိုးတွေ ဖြစ်လာချိန်မှာတော့
တိုင်းရင်းသား ပြည်သူတွေရဲ့ အားနာသနားတတ်မှု၊ လဝကရဲ့ အားနည်းမှုတွေကြောင့် ကိုယ့်တိုင်းပြည်၊ ကိုယ့်တိုင်းရင်းသားတွေမှာ
ထိခိုက်နစ်နာမှုတွေ ဖြစ်လာရပါပြီ။ တကယ်တမ်းမှာ ကိုယ်တွေက သူတို့နေရာဒေသကို ကျူးကျော်ဝင်ရောက် နေထိုင်သူတွေ
မဟုတ်ပါဘဲ ကျူးကျော်သူတွေက ပြန်ရန်ရှာပြီး အိမ်ရှင်က သူခိုးပြန်ဖြစ်ရတဲ့အချက်က ရင်နာဖို့ ကောင်းလှပါတယ်။
ဒီတိုင်းပြည်မှာနေပြီး ဒီတိုင်းပြည်ရဲ့ ဥပဒေ၊ ဒီတိုင်းပြည်ရဲ့ တိုင်းရင်းသားတွေနဲ့ တစ်သားတည်း မကျတဲ့သူတွေကို
 နိုင်ငံသားလို ခေါ်ဆိုဖို့ လားလားမှ အဆင့်မရှိပါ။ နိုင်ငံသားလို့လည်း သတ်မှတ်ဖို့ မဖြစ်နိုင်ပါ။ “သူတို့ကို သတ်ချင်သတ်ပါ ၊ ဒီမှာဘဲ နေပါရစေ” လို့
 တောင်းပန်တိုးလျှိုးပြီး နေခဲ့ကြသူတွေက ခုချိန်မှာ ကိုယ့်တိုင်းရင်းသားတွေကို ပြန်သတ်နေတာမျိုး လုံးဝ လက်ခံနိုင်စရာမရှိပါ။
ဒီပြဿာနာတွေ အေးဆေး သွားရင်တော့ အစိုးရက လဝကဥပဒေကို တင်းတင်းကြပ်ကြပ် ပြင်ဆင်ဖို့ လိုအပ်ပြီလို့ ထင်ပါတယ်။
အကျင့်ပျက် ခြစားမှုတွေကိုလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်သင့်ပါပြီ။

(နိုင်ငံအတွင်းမှာ နိုင်ငံသားပီသစွာ နေထိုင်သူများကို မရည်ရွယ်ပါ။ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်သော်လည်း နိုင်ငံသား မပီသသူ၊ နိုင်ငံသား များနဲ့ အေးအတူပူအမျှ မနေနိုင်ကြသူ များကိုသာ ရည်ရွယ်ပါသည်။)

01 June, 2012

"လ္ဘက်ရည်မတိုက်လို့"



ဒီတစ်ခါလည်း ဦးအေးဝင်းပါပဲ။လ္ဘက်ရည်သိပ်ကြိုက်သူ ဦးအေးဝင်းသည် အနည်းဆုံး တစ်နေ့ကို လ္ဘက်ရည် ၃ ကြိမ်လောက်
ပုံမှန်သောက်သည်။အိမ်မှာဖျော်သောက်၍ငြီးငွေ့လာလျင်လ္ဘက်ရည်ဆိုင်မှာသွားသောက်သည်။ ဆိုင်ခန်းရောင်းပြီးကတည်းက
ဘုရားတရားပုံမှန်လုပ်ရင်း အေးအေးလူလူပင်။

ဒီနေ့လည်း လ္ဘက်ရည်ဆိုင်သွားဦးမည်ဟုဆိုကာ နေ့လည်စာစားပြီးကတည်းက စက်ဘီးတစ်စီးနှင့်ထွက်သွားပြန်သည်။
သူ့မိန်းမကတော့ ရိုးနေပြီမို့ ဘာမှထွေထွေထူးထူးပြောမနေတော့။ ညနေစောင်းတော့ ဦးအေးဝင်းပြန်ရောက်လာသည်။
စက်ဘီးနှင့်မဟုတ်၊ ဆိုက်ကားဖြင့်...
ဆိုက်ကားပေါ်ကနေ ထော့နင်းထော့နင်းဖြင့်ဆင်းလာသည်။
စက်ဘီးကိုသူ့မိတ်ဆွေတစ်ယောက်က အိမ်ရှေ့အထိလာပို့သွားပြီး

"ကိုအေးဝင်း ရတယ်နော် ဘယ်လိုနေသေးလဲ"

"အာ ရတယ် ရတယ် အေးဆေးပါ ဖြစ်ခါစဆိုတော့ နာနေတာပဲရှိတာပါ"

ဒေါ်ခင်သန်းလည်း အိမ်ထဲမှကပျာကယာပြေးထွက်၍ ဦးအေးဝင်းကိုတွဲလျက်

"ဘာဖြစ်တာတုန်း ကိုဝင်းရယ် ပြောစမ်းပါဦး"

"ငါ ငယ်ငယ်လေးထဲကစီးလာတဲ့စက်ဘီး အတက်အဆင်းဆိုဘယ်တော့မှလဲဖူးတာမဟုတ်ဘူး၊ တိုက်မိလို့လဲတယ်
စတန့်ထွင်စီးလို့လဲတယ်ဆိုလဲထားပါတော့မိန်းမရယ်၊ အခုဟာက စက်ဘီးခြေနင်းပြားကိုခြေတစ်ဖက်တင်ပြီး နင်းအတက်၊
 စက်ဘီးကရှေ့မသွားဘဲလူရော၊ စက်ဘီးရောဘေးကိုပစ်လဲတော့တာပဲ"

"အခုဟာက ဘယ်နာသွားတုန်း"

"ညာဘက်ခြေထောက်၊ ကတ္တရာလမ်းပေါ်ထောက်မိတဲ့ဘက်လေ၊ဆေးလိမ်းလိုက်ရင်ပျောက်သွားမှာပါကွာ"

"ဒါဆိုလဲ ဆေးအရင်လိမ်းလိုက်ရအောင်၊ ကျွန်မလိမ်းပေးမယ်"

"ရတယ် ရတယ် ငါ့ဟာငါလိမ်းမယ် ဆေးနဲ့ပတ်တီးသာယူခဲ့"

ဖြစ်ခါစမိုလို့လားမသိ၊ညာဘက်ခြေထောက်ကကွေးလို့မရ။ ဦးအေးဝင်းတစ်ယောက် ဘုရားရှိခိုးတာတောင်မတ်တပ်
ရှိခိုးရသည်။ ဒါကလည်းတစ်ရက်နှစ်ရက်လောက်ပါပဲလေ ဟုသဘောပိုက်ကာပုတီးကိုလည်းလဲလျောင်းလျက်ပင်စိတ်
လိုက်သည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်။
သုံးရက်မြောက်သည်အထိ မသက်သာ။
မသက်သာတော့ အပြင်လည်းထွက်လို့မရ။ ဒူးခေါင်းကရောင်ရမ်း၍ အနီရောင်ဖျော့ဖျော့သန်းနေသည်။

"ကိုဝင်း ရှင့်ဟာကဟုတ်ရောဟုတ်သေးရဲ့လား၊ ကျွန်မတော့သိပ်မသင်္ကာဘူး နေ့ရောညရော
 ဆေးပုံမှန်လိမ်းနေတာတောင်မှ ရောင်တာမလျော့ဘူးနော်၊ ဒေါ်မြဝေဆီသွားကြည့်ပါလား"

"ဒေါ်မြဝေကဆေးကုတဲ့ဆရာဝန်မှမဟုတ်တာ မိန်းမရဲ့"

"အဲဒါဆိုလဲ ညနေကျရင်ဆေးခန်းသွားပေတော့"

"အေးကွာ"

ဆေးခန်းသွားပြတော့လည်း ဆရာဝန်က စစ်ဆေးကြည့်ပြီးသောက်ဆေးသာပေးလိုက်၍ နှစ်ရက်လောက်နေလို့
ဘာမှမထူးရင်ပြန်လာခဲ့ပါဟုမှာလိုက်သည်။

နှစ်ရက်ပြည့်သည်အထိ မသက်သာသေးပါ။ ဒေါ်ခင်သန်းက

" ကဲပါကိုဝင်းရယ် ဒေါ်မြဝေဆီမှာသွားမေးကြည့်ရအောင် တစ်ခုခုသိရတာပေါ့"

"အေး သွားကြည့်မယ်ကွာ"

"ဘယ်လိုဖြစ်တာလဲ ကိုအေးဝင်းခြေထောက်တစ်ဖက်က တန်းနေပါလား"

အိမ်ထဲအဝင်မှာ ဒေါ်မြဝေကမေးလိုက်သည်။

"စက်ဘီးပေါ်အတက်မှာ လူရော၊စက်ဘီးရောလဲလို့ဒေါ်မြဝေရေ ငါးရက်လောက်ရှိနေပြီ၊
 သောက်ဆေးရော လိမ်းဆေးရော ဘာမှမတိုးဘူး ဆရာဝန်နဲ့လည်းပြပြီးပြီ"

ဦးအေးဝင်းမဖြေခင်မှာပင် ဒေါ်ခင်သန်းက အရင်ဖြေလိုက်သည်။

သူ့တပည့်လည်းဘေးမှာအသင့်ရှိနေ၍

"ဒါဆိုလည်းကြည့်ရအောင်" ဟုဆိုကာ မျက်စိမှိတ်၊ အာရုံပြုလိုက်သည်။

"အင်း တစ်ခုခုပါပဲ"

ဟုဆိုပြီး သူ့တပည့်ဘက်ကိုလှည့်၍

"ပြောပါဦး ဘာဖြစ်လို့လဲ" ဟုမေးလိုက်ရာ

သူ့တပည့်က အမျိုးသမီးကြီးတစ်ဦး၏ဟန်ပန်အမူအရာဖြင့်

"ငါ လ္ဘက်ရည်တောင်းသောက်တာ ငါ့ကိုမတိုက်လို့ဟေ့" ဟူသောဖြေသံထွက်လာလေသည်

ဦးအေးဝင်းရောဒေါ်ခင်သန်းပါ ကြောင်အမ်းအမ်းဖြစ်သွားသည်။

ဦးအေးဝင်းက မေးမည်ဟန်ပြင်သည့်အခါ ဒေါ်မြဝေက လက်ကာပြ၍

"ဘယ်သူလဲဆိုတာအရင်ပြောပါဦး"

"ငါ ဌေးဌေးပဲ"

"ဘယ်ကလဲ"

"စတိုးဆိုင်က"

"သြော် ဌေးဌေးစတိုးဆိုင်ကလား"

"အေး"

ဦးအေးဝင်းလည်း မနေနိုင်၍ ဝင်မေးလေသည်။

"ဒါဆို ဟိုတလောက လေဖြတ်ပြီးဆုံးသွားတဲ့ ဒေါ်ဌေးပေါ့"

"အေး ဟုတ်တယ်၊ ငါတို့ဆိုင်ရှေ့ကလ္ဘက်ရည်ဆိုင်မှာ နင်လာသောက်တော့လ္ဘက်ရည်သောက်ချင်လို့
နင့်ဆီမှာတောင်းသောက်တာ နင်ကမှငါ့ကိုမတိုက်တာ"

ဦးအေးဝင်းတစ်ယောက် ဘယ်လိုမှနားမလည်နိုင်။

"ခင်ဗျားကို ကျွန်တော်ကမြင်မှမမြင်ရတာဗျ"

ဒေါ်အေးဝင်းလည်း မနေသာတော့

"ဟုတ်တယ်လေ ဒေါ်ဌေးရဲ့ သူမှမမြင်ရတာ"

ဘာမှပြန်မဖြေ။

ဦးအေးဝင်းက "အခု သောက်မလား" ဟုမေးရာ

"အေး သောက်ချင်တယ်" ဟု ချက်ချင်းပြန်ဖြေသည်။

ဒေါ်မြဝေလည်းကြားဝင်၍

"ကဲ ဒေါ်ဌေး ဒီလိုလုပ်ပါ ဒေါ်ဌေးကိုလ္ဘက်ရည်တိုက်မယ်၊ ကိုအေးဝင်းကိုဒေါ်ဌေးလုပ်ထားတဲ့အတွက်
 ဝေဒနာပျောက်အောင်ပြန်လုပ်ပေးလိုက်ပါ၊ သဘောတူလား"

"အင်း" ဟုပြန်ဖြေသည်။

လ္ဘက်ရည်ကိုချက်ချင်းသွားဝယ်ခိုင်း၍တိုက်လိုက်သည်။ လ္ဘက်ရည်ကုန်အောင်သောက်ပြီးသည်အထိစောင့်ပြီးနောက်
ဒေါ်မြဝေက

"ဒေါ်ဌေး ဦးအေးဝင်းကလ္ဘရည်တိုက်ပြီးပြီ ပျောက်အောင်လုပ်ပေးလိုက်ပါ၊
ဦးအေးဝင်း ဘေးကခုံပေါ်ကို နာနေတဲ့ခြေထောက်ဆင်းပေးလိုက်ပါ"

ဒေါ်မြဝေ၏တပည့်လည်း ဦးအေးဝင်းဘက်သို့သွား၍ ဘေးနားမှာ ငူငူကြီးရပ်နေသည်။
ဒေါမြဝေက

"ဒေါ်ဌေးလုပ်ထားတာတွေကိုယ်တိုင်ပြန်ထုတ်ပေးလိုက်ပါ၊ ဒူးဆစ်ကနေသပ်ချပေးလိုက်၊
ဦးအေးဝင်း ဘာထူးခြားလဲပြောပါ"

"ဟုတ်ကဲ့"

အနည်းငယ်ကြာသောအခါ ဦးအေးဝင်းက "ဒူးခေါင်းမှာ အေးကနဲ ခံစားရတယ် ပေါ့သွားတယ်"

ဒေါ်ဌေး ရပ်လိုက်သည်။

"ဒေါ်ဌေး မရပ်လိုက်နဲ့လေပြီးအောင်လုပ်လိုက်ပါ၊
ဦးအေးဝင်း ခြေဖျားမှာအေးကနဲဖြစ်သွားပြီဆိုရင် ကျွန်မကိုပြောပါ"

"ဟုတ်ကဲ့"

ဒေါ်ဌေးက ခြေသလုံးအလယ်လောက်ကနေ ခြေဖျားအထိ သပ်ချပေးနေသည်။
အကြိမ် ၂၀ ကျော်လောက်သပ်ချပေးပြီးနောက်

"ခြေဖျားကအေးသွားတယ်"

ဦးအေးဝင်းထံမှအသံထွက်လာသည်။ ဒေါ်မြဝေက

"ဒေါ်ဌေး ပြန်လာထိုင်လို့ရပြီ၊
ဦးအေးဝင်း အရှိန်ကတော့နည်းနည်းကျန်ဦးမှာပဲ၊ လိမ်းဆေးကိုဆက်လိမ်းပေါ့" ဟုဆိုလိုက်လေသည်။

ဦးအေးဝင်းလည်း အတော်အတန်ပေါ့ပါးသွားပြီဖြစ်၍ စိတ်အေးသွားသည်။

"ဒေါ်ဌေး နောက်တစ်ခါ လ္ဘက်ရည်သောက်ချင်ရင် ကျွန်တော်သောက်နေတဲ့လ္ဘက်ရည်ခွက်ကို နည်းနည်းတွန်းပြီး
လှုပ်လိုက်ဗျာ၊ အဲဒါဆိုကျွန်တော်သဘောပေါက်တယ် ဟုတ်ပြီလား"

"အေး" ဟုတစ်ခွန်းထဲပြောပြီးထွက်သွားလေသည်။

"ဒေါမြဝေရယ် ကျွန်မတို့မှာလည်း ဖြစ်လိုက်ရင်အဆန်းချည်းပဲ သူများနဲ့ကိုမတူဘူး"

"ဒါကတော့ အကြောင်းပါလာရင်ရှောင်လို့မရဘူးလေ ဒေါ်ခင်သန်းရဲ့"

"ကျွန်တော်လည်း အရင်ကထက် ဘုရားတရားပိုလုပ်ဖြစ်ပါတယ် ဒါပေမယ့် အခုလိုဖြစ်သွားတာကိုနားမလည်နိုင်ဘူးဗျာ"

"ကျွတ်ရမယ့်လူကကျွတ်ချိန်တန်ရင်လာအသိပေးတာမျိုး၊ အကူအညီလာတောင်းတာမျိုးလို့ပဲ မှတ်ယူရပါတယ်
ဦးအေးဝင်းရယ်၊ ဦးအေးဝင်းတို့ထက် အဖြစ်ဆိုးတဲ့သူတွေရှိပါသေးတယ် နောက်မှ အေးအေးဆေးဆေးပြောပြပါဦးမယ်။"