Pages

07 June, 2011

မင်္ဂလာရှိသော ဦးမင်္ဂလာ


ဂျပန်လို့ဆိုလိုက်တာနဲ့ ဦးမင်္ဂလာ ကိုမေ့ထားလို့မရဘူး ဂျပန်မှာနေပြီး ဦးမင်္ဂလာ ကိုမသိသေးဘူးဆိုရင်
မဖြစ်သေးဘူး

ဒီလိုလေးစားထိုက်တဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းကိုမှမဖော်ပြဘူးဆိုရင် ကျုပ်တို့ blog ကိုပိတ်ပြစ်လိုက်ဖို့ပဲရှိတယ်

သူဟာ ဂျပန်လူမျိုးတစ်ယောက်ပါ ဒါပေမဲ့ သူ့ကိုကျုပ်တို့က မြန်မာလူမျိုးလို့ပဲမြင်တယ်၊ သတ်မှတ်တယ်၊ လက်ခံတယ်။
     
ဂျပန်ကိုအလည်အပါတ်လာလို့ KAMAKURA ဘုရား ကိုသွားရောက်ဖူးမျှော်ပြီးရင် Disneyland နဲ့ Fuji တောင်ကို ခဏထား၊ ဦးမင်္ဂလာ ကိုသွားတွေ့သင့်တယ်လို့အကြံပြုချင်ပါတယ်


အရည်မရ၊ အဖတ်မရ၊ အငွေ့မရတွေကိုလတ်အုပ်ချီနေမဲ့အစား  ဦးမင်္ဂလာခွင့်ပြုရင်ထိုင်ပြီးကန်တော့ခဲ့။
     
ကျုပ်တို့မြန်မာတွေ အတုယူလေးစားရမယ့် ပုဂ္ဂိုလ်တစ်ယောက်ပေါ့



ဦးမင်္ဂလာ

အမည်ရင်း :  Mr. NISHIDA ATSUSHI 

မြန်မာတွေကို အမြဲတမ်းကူညီအားပေးနေသူ

မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း၏နာယက ( http://brsajapncontact.blogspot.com/ )

ဆရာကြီးဦးမင်္ဂလာသည် တက္ကသိုလ်ပြီးသည့်အချိန်မှစ၍ ကုမ္မဏီအလုပ်ကိုအသက်(၆ဝ)အထိလုပ်ကိုင်ခဲ့ကာ
ကုမ္မဏီမှအနားယူပြီးသည့်နောက်ပိုင်း ၁၉၉၆ ခုနှစ်မှ အခုအချိန်အထိ မြန်မာလူမျိုးများကိုကူညီရင်း
မင်္ဂလာဂျပန်စာသင်ကျောင်း ကို လျှပ်စစ်မြို့တော်ဟုခေါ်တွင်သော (Akihabara) ရပ်ကွက်တွင်
အခန်းငှား၍ဖွင့်လှစ်သင်ကြားပေးနေသူ

ဂျပန်နိုင်ငံတွင် ဒုက္ခသည်လျှောက်ထားသည့်မြန်မာလူမျိုးများကို လဝကအချုပ်တွင်အဖမ်းခံနေရစဉ်အချိန်အတွင်း
သွားရောက်တွေ့ဆုံအားပေးခြင်း၊ တွေ့ဆုံချိန်တွင် ဂျပန်စာကိုပါ သင်ကြားပေးသည့်အပြင်
Provisional Release Status ( ကာလီ ဟိုးမင့် ) ယာယီခံဝန်ချုပ်ဖြင့် ပြန်လည်လွတ်မြောက်နိုင်ရန်အတွက်ပါ အာမခံပြုလုပ်ပေးသည့်အထိ ကူညီပေးနေသူ

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ( overstay ) ဝလုံးတွေအဖမ်း ခံရရင် သွားတွေ့တာမျိုး၊ လေယာဉ်လက်မှတ်ခတွေထုတ်ပေးတာမျိုး၊ လိုအပ်တဲ့အသုံးအဆောင်၊ ခြေအိတ်၊ အနွေးထည်ကအစ သူ့ပိုက်ဆံနဲ့ဝယ်ပြီး အားလုံးကိုကူညီပေးခဲ့သူ

မြန်မာစကားအနည်းငယ်ပြောတတ်၍ မြန်မာပြည်သို့ ၄ ကြိမ်တိတိသွားရောက်လည်ပတ်ဖူးသူ

ဆရာကြီး၏ မင်္ဂလာစာသင်ကျောင်းမှ ဂျပန်စာသင်တန်းစာမေးပွဲအောင်မြင်ခဲ့သည့် မြန်မာကျောင်းသူ/သားပေါင်း မရေတွက်နိုင်လာက်အောင်ထူးချွန်ပေါ်ထွန်းခဲ့သည်။

မင်္ဂလာမင်္ဂဇင်းစာအုပ်ကို ဂျပန်-မြန်မာနှစ်ဘာသာတွဲ၍ ၃ လတစ်ကြိမ်ထုတ်ဝေပြီး မြန်မာလူမျိုးတို့၏ဓလေ့ထုံးစံများ၊ သာရေးနာရေးအကြောင်းများအပြင် မြန်မာပြည်အခြေအနေများကိုလည်း ဂျပန်မျိုးများသိရှိအောင်ဖြန့်ချီပေးလျက်ရှိသည်။

လက်ရှိမြန်မာပြည်အခြေအနေကိစ္စနှင့်ပတ်သက်ပြီး

''ကျနော်က ဒုတိယကမ္ဘာစစ်ကိုလည်းမှီခဲ့တယ်။
ဂျပန်တိုင်းပြည်ကို စစ်ဝါဒီတွေ၊ ခင်ဗျားတို့အခေါ် ဖက်ဆစ်ဝါဒီတွေအုပ်ချုပ်တာကိုလည်း ကြုံတွေ့ခဲ့ရတယ်။
ဒါပေမဲ့ ဂျပန်စစ်ဝါဒီတွေက ကိုယ့်လူမျိုးအချင်းချင်းကို ဘယ်တော့မှမညှင်းဆဲ၊ မရက်စက်၊ မသတ်ဖြတ် ဘူး။
ကိုယ့်ပြည်သူတွေကောင်းစားဖို့ တခြားနိုင်ငံကိုပဲကျူးကျော်ခဲ့တာ။ ရက်စက်ခဲ့တာ။

ယခုမြန်မာစစ် ၀ါဒီတွေက ကိုယ့်လူမျိုးကို နှိပ်စက်၊ သတ်ဖြတ်တယ်။ ဘုန်းတော်ကြီးတွေအထိပါ ရိုက်နှက်သတ်ဖြတ်နေတာတွ့ရတော့
လူတွေမှဟုတ်ရဲ့လားလို့တောင်ထင်မိတယ်။ တော်တော်ဆိုးတဲ့အစိုးရပဲ...
''ဟု မှတ်ချက်ပေးခဲ့သည်။ 

( မိုးသောက်ကြယ် ကောက်နှုတ်ချက် 18/11/2008 )

မိုးသောက်ကြယ် မှာလည်းသွားဖတ်နိုင်ပါတယ်


ဦးမင်္ဂလာ ကဲ့သို့မြန်မာတွေကိုအမြဲတမ်းကူညီအားပေးနေသူသောဂျပန်လူမျိုးများရှိသကဲ့သို့
မြန်မာစကားကိုကျွမ်းကျင်စွာရေးတတ်၊ ဖတ်တတ်ပြီး မြန်မာနိုင်ငံကိုအမြတ်ထုတ်နေသော
ဂျပန်လူမျိုးများလည်းရှိနေပါသည်။

မြန်မာတွေအားလုံး ဘယ်နေရာဘယ်ဒေသပဲရောက်ရောက် အချင်းချင်းရိုင်းပင်းကူညီနေကြဦးမည်ဆိုလျင်...