Pages
22 December, 2011
အခွန်ကင်းလွတ်ပြီတဲ့လား
     ကျေးဇူးတင်စရာပေါ့ သာဓု တော့မခေါ်သေးဘူး အခြေအနေစောင့်ကြည့်ရဦးမယ်
     အမိန့်ကြေငြာစာအမှတ် ၁၅၇/၂၀၁၁ အရ
     နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ၁ဝ ရာခိုင်နှုန်း အစား ၂ ရာခိုင်နှုန်းသို့ လျှော့ပေါ့ သတ်မှတ်ခြင်း
     ( ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၉ရက်နေ့မှစ၍ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ထိ (၆)လ အကျိုး သက်ရောက်သည် ) ကို 
     ထုတ်ပြန်ကြေငြာစဉ်က မစူးစမ်းမဆင်ခြင်သော၊ ဗဟုသုတခေါင်းပါးသော၊ အလုပ်သာဖိလုပ်နေသော ရွှေမြန်မာအချို့သည်
     နိုင်ငံခြားကိုရောက်ကတည်းကယနေ့အချိန်ထိရရှိခဲ့သောဝင်ငွေ၏ ၂ ရာခိုင်နှုန်းသာ အခွန်ပေးဆောင်ရမည်ဟူသောအထင်ဖြင့်
     ခေါင်းမော့ရင်ကော့၍ သံရုံးသို့ကြွမြန်းခဲ့ကြဖူးလေသည်
     ထိုစဉ်ကလည်း ၆ လစာ ၂ ရာခိုင်နှုန်းကိုမက်၍မဆောင်မဖြစ်ဆောင်လိုက်ရသူတို့ကြောင့် 
     ဂျပန်နိုင်ငံရှိ မြန်မာသံရုံးသည် ရုတ်တရက် ငွေဝင်ကောင်းခဲ့ပါသည်
     ပြည်ပမှာအလုပ်လုပ်ကိုင်နေသူတွေ 
     ( ၁ ) အခွန်မှန်မှန်လာမဆောင်ကြလို့
     ( ၂ ) အခွန်လာဆောင်ပြန်တော့လည်း ဟိုဟာအကြောင်းပြ ဒီဟာအကြောင်းပြနဲ့ အခွန်လျှော့ခိုင်းလို့
     ( ၃ ) မိသားစုလိုက် အခွန်ရှောင်လို့  
     စသည်  စသည် အကြောင်းကြောင်းတွေကြောင့် အခွန်ကောက်ခံဖို့ စိတ်ပျက်သွားတယ်ထင်ပါတယ်
     ဖြစ်သင့်တာကြာခဲ့ပါပြီ
     အခုလည်း ဘယ်လမ်းကြောင်းကိုထပ်ထွင်ဦးမလဲမသိဘူး 
21 December, 2011
ပေါက်ပြန်ပြီ
      ရန်ကုန်မြို့ လှည်းတန်းရှိ အများသုံးအိမ်သာ တခုတွင် ဗုံးတလုံးပေါက်ကွဲကြောင်း.....
      KIA လား ?
      KNU လား?
      လက်နက်ကိုင်သောင်းကျန်းသူများလား?
      ပြည်ပြေးအဖွဲ့လား?
      NLD လား ?
      ပြည်ပအားကိုးပုစိန်ရိုးလား?.....
      ကိုယ့်ကိုယ်ကိုတော့သိမှာပေါ့ကွာ.....
      ဝဋ်ကျွေးပါလို့သေတဲ့သူကသေရတယ်ဆိုပေမဲ့ တစ်ဘဝစံ မင်းတို့အတွက်တော့ ထွေထွေထူးထူးပြောမနေတော့ဘူး
      ကွယ်လွန်သူတွေကို ငါတို့တာဝန်ယူတယ်..... ဟေ့
20 December, 2011
၂၀၁၁ အကယ်ဒမီကြေငြာချက်
Facebook မှကူးယူပါသည်
     အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို (ရပ်တော့မြစ်ဆုံ) ဇာတ်ကားဖြင့် "ဦးသိန်းစိန်"
     အကောင်းဆုံးအမျိုးသမီးဇတ်ဆောင်ဆုကို (စီးပွားရှာတာလွယ်လိုက်တာ) ဇာတ်ကားမှဒေါက်တာနုနုသာ"
     (ရန်ကုန်ပြည်သူ့ ဆေးရုံအုပ်ကြီး)
     အကောင်းဆုံးဗီလိန်ဆုကို (ငါလည်းချစ်သည်ဧရာဝတီ) ဇာတ်ကားမှ 
     မျက်ရည်များဖြင့်အကောင်းဆုံးသရုပ်ဆောင်သွားသော ကျွန်တော်လည်းဧရာဝတီကိုချစ်ပါတယ် ဆိုသည့် "ဦးကျော်ဆန်း"
     အကောင်းဆုံးလူကြမ်းမင်းသားဆုကို 
     (ငါ့လောက်တတ်သလားရေအား) ဇာတ်ကားမှ မီဂါဝှပ် ၁၅၀၀ပိုလျှံ၍ရောင်းစားရသည်ဆိုသော "ဦးဇော်မင်း"
     အကောင်းဆုံးဒါရိုက်တာဆုကို 
     (ငါလုံးဝမပါတော့မည်) ဇာတ်ကားတွင်နောက်ကွယ်မှ အကောင်းဆုံးကြိုးကိုင်၍ ရိုက်ကွင်းအမိန့် ပေးသွားနိုင်သူ ဦးသန်းရွှေတို့က 
     ရရှိမည်ဟု.. ဟိုပါဒီပါ မီဒီယာသတင်း ရပ်ကွက်မှကြားသိရပါတယ်။
ယခုနှစ်အတွက် အကယ်ဒမီဆု၇၇ှိသူများ
     1.အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို 'မြစ်ဆုံ၇ပ်ဆိုင်း' ဇာတ်ကားဖြင့် ဦးသိန်းစိန်
     2.အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို 'မီဒီယာကိုမီဒီယာဖြင့်တိုက်မည်' ဇာတ်ကားဖြင့်    
       မကြာခဏမျက်၇ည်ကျတတ်သော  ဒေါ်ကျော်ဆန်း
     3.အကောင်းဆုံးလူကြမ်းဇာတ်ဆောင်ဆုကို 'ပိုတာေ၇ာင်းမည်' ဇာတ်ကားဖြင့်မြစ်ဆုံကိစ္စတုန်းကမျက်နှာမာ 
       လျှပ်စစ်ဝန်ကြီးဦးဇော်မင်း
     4.အကောင်းဆုံးအလိမ်အညာကုလားဖန်ဆုကို 'ဒေါက်တု' ဇာတ်ကားဖြင့် ဦးခင်ေ၇ွှ
     5.အကောင်းဆုံးဇာတ်ညွန်းေ၇းသားအကြံပေးဆုကို 'သမ္မတကြီးကဒီမိုကေ၇စီအမြင်၇ှိပါတယ်' ဇာတ်ကားဖြင့် 
       ဦးကိုကို(စက်မှု့ တက္ကသိုလ်)
     6.အကောင်းဆုံးတေးသီချင်းဆုကို 'မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေ၇မည်'ဇာတ်ကားမှ 
       'မြန်မာနိုင်ပြီ' တေးသီချင်းေ၇းသားသူ ဦးအမည်မသိ
     7.အကောင်းဆုံးဒါ၇ိုက်တာဆုကို 'အိမ်မှာအေးချမ်းစွာစာဖတ်နေပါတယ်'ဇာတ်ကားဖြင့် နောက်ကွယ်မှကြိုးကိုင်နေသူ   
       အာဏာ၇ူးကြီးသန်းေ၇ွှ(ငြိမ်း)
ယခုနှစ်အတွက်ထူးခြားချက်အနေနဲ့ အဖွဲ့ လိုက်ဆုများကိုပါချီးမြှင့်သွားပါသည်ဟုသိရပါသည်
     1.အကောင်းဆုံးဆင်ဆာဆုကို 'မူနဲ့ မညီအကုန်ဖြတ်မည်' ဇာတ်ကားဖြင့် မြန်မာနိုင်ငံဆင်ဆာအဖွဲ့ 
     2.အကောင်းဆုံးနိုင်ငံ့ဂုဏ်ထိန်းသိမ်းတဲ့ဇာတ်ကားဆုကို 'ဆင်း၇ဲသားအခန်းများမ၇ိုက်၇' ဇာတ်ကားဖြင့်
       မြန်မာ့၇ုပ်၇ှင်လုပ်ငန်းအဖွဲ့ 
     3.အကောင်းဆုံးဇာတိသွေးဇာတိမာန်တက်ကြွစေသောဇာတ်ကားဆုကို'သူ့ ကျွန်မခံပြီ' ဇာတ်ကားဖြင့်   
       အခုချိန်အထိလွတ်လပ်ေ၇းမ၇သေးဘဲ အင်္ဂလိပ်နှင့်တိုက် ဂျပန်နှင့်တိုက်နေတုန်း
      တော်လှန်ေ၇းကားများ၇ိုက်ကူးသူ ဒါ၇ိုက်တာများအဖွဲ့ 
     4.အကောင်းဆုံးအဖြတ်အတောက်ဆုကို 'တင်လာသမျှ ဖြတ်သာချ' ဇာတ်ကားဖြင့် မြန်မာနိုင်ငံစာပေစိစစ်ေ၇းအဖွဲ့ 
     5.အကောင်းဆုံးဝတ်စားဆင်ယင်မှု့ ဆုကို 'ချွတ်ချလိုက်တာကောင်းပါတယ်'ဇာတ်ကားဖြင့် အဖော်အချွတ်မော်ဒယ်များအဖွဲ့ 
       တို့ ပဲ ဖြစ်ကြပါတယ်...
ယခုနှစ်အတွက်အပိုထပ်လောင်းချီးမြှင့်သောအကောင်းတကာ့အကောင်းဆုံးဆုကိုတော့ 'ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်'ဇာတ်ကားဖြင့် ပြည်သူ့ ချဉ်ဖတ် သာကူးများအဖွဲ့ မှ ၇ရှိသွားပါကြောင်းအသိပေးလိုက်၇ပါတယ်ခင်ဗျား
Media ၃ ခု သတင်း ၃ မျိုး
     ကျုပ်တို့တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်များသည် ကျေနပ်အားကိုးရလောက်ပါပေသည်
     သတင်းလိုက်မုဆိုးတစ်ယောက်၏ အရည်အချင်းဆိုသည်မှာ.....
ရင်ကိုထိချက်ပြင်းလွန်းတယ်
မြန်မာဇာတ်လမ်းတွေထဲမှာတော့ ဒီဇာတ်လမ်းက အကွက်စေ့တယ် သေသပ်တယ် ထိမိတယ်
18 December, 2011
ဆက်သွယ်ရေးမှ လူကြီးမင်းများ ခင်ဗျား
Myanmar Time သတင်းစာ၏ သရော်စာကဏ္ဍ မှ ကူးယူဖော်ပြပါသည်
မာဂျေ
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)
ဆက်သွယ်ရေးမှ တာဝန်ရှိလူကြီးမင်းများခင်ဗျား၊ နိုင်ငံအတွင်း တစ်ခုတည်းသော ဆက်သွယ်ရေးဌာနဖြစ်သည့် လူကြီးမင်းတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအပေါင်း သုံးစွဲနေရ သည်မှာ ငြင်းမရသောအချက် ဖြစ်ပါသည်။
ယခုအခါ တယ်လီဖုန်းများ ပေါလာသည်နှင့်အမျှ ခေါ်ဆိုရခက်ခဲမှုများ ကြုံတွေ့လာရပါသည်။
သူငယ်ချင်း တစ်ဦးကမူ ယခုအယူအဆမှာ မှားကြောင်း၊ ဖုန်းများ ရှားပါးပစ္စည်းဘ၀ကလည်း ဆက်သွယ်ရခက်ကြောင်း ပြောပါ သည်။
ထိုကိစ္စမှာ ယခုတင်ပြမည့်အထဲ မပါသဖြင့် နောင်မှ ဆွေးနွေးပါတော့မည်။
ယခု ကျွန်တော်တင်ပြလိုသည်မှာ တယ်လီဖုန်းဆက်သွယ်မှုခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးရန် ဖြစ်ပါသည်။
လူကြီးမင်းတို့ဌာနမှ နိုင်ငံတကာနှင့်ယှဉ်လျှင် မြန်မာနိုင်ငံသည် ဖုန်းခေါ် ဆိုမှုနှုန်းထား သက်သာသည်ဟု ပြောဆိုထားသည်ကို ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရပါသည်။
သို့သော် ကျွန်တော်တို့၏၀င်ငွေများမှာလည်း နိုင်ငံခြားကို မမီပါဟု ပထမအချက်အနေဖြင့် တင်ပြလိုပါသည်။
ထိုထက် အရေးကြီးသောအချက်မှာ တယ်လီဖုန်းခေါ်ဆိုခများကို လေးပုံ တစ်ပုံခန့်အထိ လျှော့ချပေးစေလိုပါသည်။
အဘယ်ကြောင့် ယခုကဲ့သို့ အရေးဆို တင်ပြရသည်ကို ရှင်းလင်းလိုပါသည်။
ကိစ္စတစ်ခုကြောင့် လက်ကိုင်ဖုန်းကို အသုံးပြု ဆက်ပါက ပထမခေါ်ဆိုမှုတွင် ကျွန်တော်၏အသံကို တစ်ဖက်မှကြားရ ပါသည်။
သို့သော် တစ်ဖက်မှအသံကို ကျွန်တော်မကြားရပါ။
ထို့ကြောင့် ဖုန်းကိုဒုတိယအကြိမ် ပြန်ခေါ်ရပါသည်။
ယခုတစ်ကြိမ်တွင်မူ တစ်ဖက်မှအသံကို ကျွန်တော်ကြားရပါသည်။
သို့သော် ကျွန်တော်၏အသံကို တစ်ဖက်မှ မကြားရပါ။
သို့နှင့် တတိယမ္ပိ ကြိုးစား ကြည့်သောအခါ ဟိုဘက် ဒီဘက်အသံ ကောင်းစွာကြားပြီး ပြောဆိုနိုင်ပါသည်။
သို့သော် ပြော၍မှ လိုရင်းမရောက်မီ တီ တီ တီ တီ ဟု အော်မြည်သံပေးကာ ဖုန်း ပြုတ်ကျသွားပါသည်။
တစ်ခါတစ်ရံ မည်သည့်အသံမှ မမြည်ဘဲ အသံပျောက် သွားတတ်ပါသည်။
တစ်ခါတစ်ရံ ပြောရင်း အသံတဖြည်းဖြည်း တိမ်ဝင်သွားတတ်ပါသည်။
ထို့ကြောင့် အဆိုပါ ပြောလက်စကိစ္စတစ်ခု ပြီးမြောက်ရန်အတွက် စတုတ္ထအကြိမ် ထပ်မံခေါ်ရပါသည်။
အနည်းဆုံး လေးခါခေါ်မှ အလုပ်ကိစ္စ တစ်ခု ပြီးမြောက်သည့်သဘော ဖြစ်နေပါသည်။
ထို့ကြောင့် တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများကို လေးပုံတစ်ပုံ လျှော့ချ ပေးသင့်ကြောင်း တင်ပြလိုပါသည်။
ဒုတိယတင်ပြလိုသည်မှာ လူကြီးမင်း တို့ဌာနမှပင် ၀န်ဆောင်မှုပေးနေသော အင်တာနက်ကိစ္စဖြစ်ပါသည်။
အင်တာနက်ကို ယခင်ခေတ်က လျှပ်စစ်မီး အလှည့်ကျပေးနေသကဲ့သို့ ဆာဗာများ အလိုက် အလှည့်ကျပေးနေသည်ထင်ကြောင်း မိတ်ဆွေတစ်ဦးက ပြောပါသည်။
ထိုအချက်မှာ မဖြစ်နိုင်သော်လည်း ယခုအခါ ကျွန်တော်ပင်လျှင် ယုံချင်သလိုလို ဖြစ်လာပါသည်။
အဘယ်ကြောင့်ဆိုသော် အလုံတွင်နေသော ကျွန်တော်သည် ညဘက် အင်တာနက်သုံးရန်အတွက် ကွန်ပျူတာကိုဖွင့်ပြီး အနည်းဆုံး ၁၀ မိနစ်ခန့် စောင့်ရပါသည်။
DSL မီး မှိတ်တုတ်မှိတ်တုတ် အခြေအနေမှ ဘ၀ကူးပြီး တစ်သမတ်တည်း ငြိမ်သွားအောင် ဘုရားစာများ ရွတ်ဆိုပြီး အင်တာနက် ဆက်သွယ်မှုသေတ္တာ မိုဒန်းကို မေတ္တာပို့ရပါသေးသည်။
၁၀ မိနစ်ခန့်အကြာတွင် မီး အစိမ်း ငြိမ်သွားသည်နှင့် ဖွင့်လိုသော ၀က်ဘ်ဆိုက်ကို အမြန်ဖွင့်ရပါသည်။
သို့သော် မိမိကြည့်လိုသောဝက်ဘ်ဆိုက် မပွင့်မီမှာပင် DSL မီးသည် နဂိုဘ၀ ပြန်ပြောင်းကာ မှိတ်တုတ်မှိတ်တုတ်ဖြင့် ဆက်သွယ်မှု ပြန်လည်ပြတ်တောက် သွားပါသည်။
ခုတစ်မျိုး တော်ကြာ တစ်မျိုး၊ ခု စာကလေး၊ ခုဆီထမင်းကြော် ဆိုသည့်စကားများမှာ အင်တာနက်ကို ရည်ညွှန်းပြောဆိုထားသည် လားဟု စဉ်းစားစရာပင် ဖြစ်ပါတော့သည်။
အင်တာနက်သုံးစွဲရရန်မှာ ပါဝါမီး လင်းရမည်။ DSL မီးလည်းလင်းပြီး ငြိမ်နေရမည်။ ETH/ACT မီးစိမ်းလေးက တဖျတ်ဖျတ် လှုပ်နေရမည်ဟု သိထားသော်လည်း ယခုအခါ ငြိမ်ရမည့် DSL မီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး မှိတ်တုတ် မှိတ်တုတ် ဖြစ်ရမည့် EHT/ACT မီးက ငြိမ်နေသဖြင့် ဟိုဟာပြုရမယ့်ဟာက ဟိုဟာမပြုဘဲ ဟိုဟာမပြုရမယ့်ဟာ ပြုနေတယ်ဟု ပြောရမလို ဖြစ်နေပါသည်။
တစ်ခါတစ်ရံ မီးသုံးလုံးစလုံးက ထေရ်ကြီးဝါကြီးများသဖွယ် ဣနြေ္ဒသိက္ခာအပြည့်ဖြင့် လင်းပြီး ခဏငြိမ်နေပါကလည်း သုံးမရပြန် တော့ပါ။
ထို့ ကြောင့် ဆင်ခြေဆင်လက်ပေးရန်ဟု ရမ်းသန်း ဘာသာပြန်လိုက်သော ကွန်ပလိန့်ဌာနသို့ ဖုန်းဆက်ရပြန်ပါသည်။
အဆိုပါဖုန်းမှာလည်း သုံးလေးကြိမ်ခေါ်မှ လိုရင်းရောက်ပြီး တစ်ဖက်မှ အခြေအနေကို မေးပါသည်။
ထို့နောက် ယင်းတို့ညွှန်ကြားသည့် အင်တာနက် အ၀င်ကြိုးကို စစ်ဆေးခြင်း၊ ညွှန်ကြားသည့်ပင်နံပါတ်များရိုက်ထည့်ခြင်းများ လုပ်ရ ပါသည်။
ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သော်လည်း မထူးသော် (ညွှန်ကြားချက်အတိုင်း လုပ်သဖြင့် တစ်ခါမှလည်း ပြန်ကောင်းလာခြင်းမျိုး မရှိဖူးပါ) ကွန်ပလိန့်နံပါတ်ဟုဆိုကာ နံပါတ်တစ်ခုမှတ်ခိုင်းပြီး နောက်နေ့ ရုံးချိန်တွင် ဆက်သွယ်ရန်ဖုန်းနံပါတ် တစ်ခု ပေးပါသည်။
နောက်နေ့ရုံးချိန်တွင် မဆက်သွယ်မီ အင်တာနက်ဖွင့် ကြည့်သောအခါ သူမဟုတ်သလိုဖြင့် ကောင်းနေသောကြောင့် အဆိုပါဌာနသို့ မဆက်သွယ်ဖြစ်တော့ပါ။
သို့သော် နောက်တစ်နေ့တွင် ယခင်အတိုင်း ရောဂါပြန်ဖောက်လာသဖြင့် ကွန်ပလိန့် လုပ်ရပြန်ပါသည်။
နောက်ဆုံးတွင် ကွန်ပလိန့်နံပါတ်များ တစ်ပြုံကြီးဖြင့်သာ ကျွန်တော့မှာ သုံးရလိုက် သုံးမရလိုက်ဖြင့် လုံးလည်လိုက်နေပါတော့သည်။
ထို့ထက်ပိုဆိုးသည်မှာ အီလက်ထရွန်း နစ်စာတိုက်ပုံးဟုခေါ်သော အီးမေးလ် ကို အင်တာနက်ဆိုင်တွင် ဖွင့်သုံးနေစဉ် ကွန်နက်ရှင် ကျသွားခြင်းဖြစ်ပါသည်။
မိမိ၏စာတိုက်ပုံးမှာ ပြန်မပိတ်ရသေးသဖြင့် မိမိ၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များ မပေါက်ကြားစေရန် အလို့ငှာ အဆိုပါ ဆိုင်တွင် သုံးလက်စ ကွန်ပျူတာရှေ့၌ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပြီး စောင့်ဆိုင်းရသည့်ဒုက္ခမှာ မသေးလှပါခင်ဗျား။
တစ်ခါကလည်း အင်တာနက်ဆိုင်တစ်ဆိုင်တွင် အသုံးပြုနေစဉ် မနေ့က ချိန်းတဲ့အချိန်လာပါတယ်၊ အင်တာနက် လိုင်းကျနေလို့ပါ၊ ဘယ်မှအလေလိုက် နေတာမဟုတ်ပါဘူး၊ ဘုရားစူး၊ မိုးကြိုး ပွတ်ရစေရဲ့ဟု လူငယ်တစ်ဦး ငိုသံပါကြီးဖြင့် ထုချေလွှာတင်သွင်း နေသည်ကို သနားစဖွယ် ကြားလိုက်ရပါသေးသည်။
ဗုဒ္ဓဘုရားရှင်သည် အိမ်ရှေ့စံဘ၀တွင် သူအို၊ သူနာ၊ သူသေတည်းဟူသော နိမိတ်ကြီးများကိုမြင်ပြီး အနိစ္စမမြဲပါလားဟု သံဝေဂရ တောထွက်ခဲ့သည်ဟု သိရပါသည်။
အကယ်၍သာ ထိုခေတ်တွင် အင်တာနက်သာရှိခဲ့ပါက ကွန်နက်ရှင် တက်လိုက်ကျလိုက်ကိုကြည့်ပြီး ကွန်နက်ရှင်မမြဲပါလားဟု တစ်ထိုင်တည်း အနိစ္စ မတည်မြဲခြင်းသဘောကို သိသွားနိုင်မည်ဟု ထင်မိပါသည်။
လွန်ခဲ့သော ဆယ်နှစ်မှစ၍ အင်တာနက်သုံးစွဲခဲ့သော ကျွန်တော်သည် မိမိ၏ အသက်အပိုင်းအခြားကို အင်တာနက်မှ အကြိမ်ကြိမ် ခိုးယူသည့်ဘေးနှင့် ကြုံတွေ့နေရပါသည်။
ထို့ကြောင့် မိမိ အလုပ်ပြီးမြောက်စေရန် အင်တာနက်ရှေ့တွင် သုံးရမည့် အချိန်လျှော့ချနိုင်ရေးအတွက် အင်တာနက်မြန်နှုန်းများ မြှင့်မပေးနိုင်လျှင်သော်မှ အသုံးပြုနေစဉ် ကွန်နက်ရှင်ပြတ်တောက်မသွားစေရေး ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။
ကျွန်တော်၏တင်ပြချက်များနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးမည်ဆိုပါက လူကြီးမင်းတို့အပေါ် ကျွန်တော် သာမက တစ်ပြည်လုံးရှိ အင်တာနက် သုံးစွဲသူများ၊ တယ်လီဖုန်းသုံးစွဲသူများက အထူးကျေးဇူးတင်ရှိမည်မှာ အမှန်ပင် ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြအပ်ပါသည်။
(စာကြွင်း၊ ကျေးဇူးတင်ပါတယ်ဆိုသောစကားမှာ ဈေးအလွန်ပေါသော၊ ကုန်ကျစရိတ် အသက်သာဆုံးသော စကားဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးက ကျွန်တော့အား အငေါ်တူးပြီး ပြောဖူးသော်လည်း ကျွန်တော်တို့အနေဖြင့် ထိုစကားမှလွဲပြီး တခြားပြောစရာ စကား မရှိ သေးသဖြင့် သည်းခံပေးပါခင်ဗျား)။
11 August, 2011
Ohh.....The Lady
ပတ္တမြားမှန်ရင် ဘယ်တော့မှနွံမနစ်ဘူး
07 June, 2011
မင်္ဂလာရှိသော ဦးမင်္ဂလာ
ဂျပန်လို့ဆိုလိုက်တာနဲ့ ဦးမင်္ဂလာ ကိုမေ့ထားလို့မရဘူး ဂျပန်မှာနေပြီး ဦးမင်္ဂလာ ကိုမသိသေးဘူးဆိုရင်
မဖြစ်သေးဘူး
ဒီလိုလေးစားထိုက်တဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းကိုမှမဖော်ပြဘူးဆိုရင် ကျုပ်တို့ blog ကိုပိတ်ပြစ်လိုက်ဖို့ပဲရှိတယ်
သူဟာ ဂျပန်လူမျိုးတစ်ယောက်ပါ ဒါပေမဲ့ သူ့ကိုကျုပ်တို့က မြန်မာလူမျိုးလို့ပဲမြင်တယ်၊ သတ်မှတ်တယ်၊ လက်ခံတယ်။
ဂျပန်ကိုအလည်အပါတ်လာလို့ KAMAKURA ဘုရား ကိုသွားရောက်ဖူးမျှော်ပြီးရင် Disneyland နဲ့ Fuji တောင်ကို ခဏထား၊ ဦးမင်္ဂလာ ကိုသွားတွေ့သင့်တယ်လို့အကြံပြုချင်ပါတယ်
အရည်မရ၊ အဖတ်မရ၊ အငွေ့မရတွေကိုလတ်အုပ်ချီနေမဲ့အစား  ဦးမင်္ဂလာခွင့်ပြုရင်ထိုင်ပြီးကန်တော့ခဲ့။
ကျုပ်တို့မြန်မာတွေ အတုယူလေးစားရမယ့် ပုဂ္ဂိုလ်တစ်ယောက်ပေါ့
ဦးမင်္ဂလာ
အမည်ရင်း :  Mr. NISHIDA ATSUSHI 
မြန်မာတွေကို အမြဲတမ်းကူညီအားပေးနေသူ
မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း၏နာယက ( http://brsajapncontact.blogspot.com/ )
ဆရာကြီးဦးမင်္ဂလာသည် တက္ကသိုလ်ပြီးသည့်အချိန်မှစ၍ ကုမ္မဏီအလုပ်ကိုအသက်(၆ဝ)အထိလုပ်ကိုင်ခဲ့ကာ
ကုမ္မဏီမှအနားယူပြီးသည့်နောက်ပိုင်း ၁၉၉၆ ခုနှစ်မှ အခုအချိန်အထိ မြန်မာလူမျိုးများကိုကူညီရင်း
မင်္ဂလာဂျပန်စာသင်ကျောင်း ကို လျှပ်စစ်မြို့တော်ဟုခေါ်တွင်သော (Akihabara) ရပ်ကွက်တွင်
အခန်းငှား၍ဖွင့်လှစ်သင်ကြားပေးနေသူ
ဂျပန်နိုင်ငံတွင် ဒုက္ခသည်လျှောက်ထားသည့်မြန်မာလူမျိုးများကို လဝကအချုပ်တွင်အဖမ်းခံနေရစဉ်အချိန်အတွင်း
သွားရောက်တွေ့ဆုံအားပေးခြင်း၊ တွေ့ဆုံချိန်တွင် ဂျပန်စာကိုပါ သင်ကြားပေးသည့်အပြင်
Provisional Release Status ( ကာလီ ဟိုးမင့် ) ယာယီခံဝန်ချုပ်ဖြင့် ပြန်လည်လွတ်မြောက်နိုင်ရန်အတွက်ပါ အာမခံပြုလုပ်ပေးသည့်အထိ ကူညီပေးနေသူ
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ( overstay ) ဝလုံးတွေအဖမ်း ခံရရင် သွားတွေ့တာမျိုး၊ လေယာဉ်လက်မှတ်ခတွေထုတ်ပေးတာမျိုး၊ လိုအပ်တဲ့အသုံးအဆောင်၊ ခြေအိတ်၊ အနွေးထည်ကအစ သူ့ပိုက်ဆံနဲ့ဝယ်ပြီး အားလုံးကိုကူညီပေးခဲ့သူ
မြန်မာစကားအနည်းငယ်ပြောတတ်၍ မြန်မာပြည်သို့ ၄ ကြိမ်တိတိသွားရောက်လည်ပတ်ဖူးသူ
ဆရာကြီး၏ မင်္ဂလာစာသင်ကျောင်းမှ ဂျပန်စာသင်တန်းစာမေးပွဲအောင်မြင်ခဲ့သည့် မြန်မာကျောင်းသူ/သားပေါင်း မရေတွက်နိုင်လာက်အောင်ထူးချွန်ပေါ်ထွန်းခဲ့သည်။
မင်္ဂလာမင်္ဂဇင်းစာအုပ်ကို ဂျပန်-မြန်မာနှစ်ဘာသာတွဲ၍ ၃ လတစ်ကြိမ်ထုတ်ဝေပြီး မြန်မာလူမျိုးတို့၏ဓလေ့ထုံးစံများ၊ သာရေးနာရေးအကြောင်းများအပြင် မြန်မာပြည်အခြေအနေများကိုလည်း ဂျပန်မျိုးများသိရှိအောင်ဖြန့်ချီပေးလျက်ရှိသည်။
လက်ရှိမြန်မာပြည်အခြေအနေကိစ္စနှင့်ပတ်သက်ပြီး
''ကျနော်က ဒုတိယကမ္ဘာစစ်ကိုလည်းမှီခဲ့တယ်။
ဂျပန်တိုင်းပြည်ကို စစ်ဝါဒီတွေ၊ ခင်ဗျားတို့အခေါ် ဖက်ဆစ်ဝါဒီတွေအုပ်ချုပ်တာကိုလည်း ကြုံတွေ့ခဲ့ရတယ်။
ဒါပေမဲ့ ဂျပန်စစ်ဝါဒီတွေက ကိုယ့်လူမျိုးအချင်းချင်းကို ဘယ်တော့မှမညှင်းဆဲ၊ မရက်စက်၊ မသတ်ဖြတ် ဘူး။
ကိုယ့်ပြည်သူတွေကောင်းစားဖို့ တခြားနိုင်ငံကိုပဲကျူးကျော်ခဲ့တာ။ ရက်စက်ခဲ့တာ။
ယခုမြန်မာစစ် ၀ါဒီတွေက ကိုယ့်လူမျိုးကို နှိပ်စက်၊ သတ်ဖြတ်တယ်။ ဘုန်းတော်ကြီးတွေအထိပါ ရိုက်နှက်သတ်ဖြတ်နေတာတွ့ရတော့
လူတွေမှဟုတ်ရဲ့လားလို့တောင်ထင်မိတယ်။ တော်တော်ဆိုးတဲ့အစိုးရပဲ...
''ဟု မှတ်ချက်ပေးခဲ့သည်။ 
( မိုးသောက်ကြယ် ကောက်နှုတ်ချက် 18/11/2008 )
မိုးသောက်ကြယ် မှာလည်းသွားဖတ်နိုင်ပါတယ်
ဦးမင်္ဂလာ ကဲ့သို့မြန်မာတွေကိုအမြဲတမ်းကူညီအားပေးနေသူသောဂျပန်လူမျိုးများရှိသကဲ့သို့
မြန်မာစကားကိုကျွမ်းကျင်စွာရေးတတ်၊ ဖတ်တတ်ပြီး မြန်မာနိုင်ငံကိုအမြတ်ထုတ်နေသော
ဂျပန်လူမျိုးများလည်းရှိနေပါသည်။
မြန်မာတွေအားလုံး ဘယ်နေရာဘယ်ဒေသပဲရောက်ရောက် အချင်းချင်းရိုင်းပင်းကူညီနေကြဦးမည်ဆိုလျင်...
25 May, 2011
နွေရာသီလက်ကမြင်းပွဲ
ချယ်ရီပန်းတွေလည်းကြွေသွားပြီ.....
ရာသီဥတုလည်းပွင့်လင်းလာပြီး နွေရာသီသို့ရောက်ရှိလာပါပြီ.....
ဆောင်းရာသီ နှင့် ဆောင်းဦးရာသီကုန်ဆုံးသွားသည့်အတွက် နေ့အပူချိန်က တဖြည်းဖြည်းမြင့်တက်လို့လာပါတော့သည်။
ရာသီဥတုပွင့်လင်းလာသည်နှင့်အမျှ ဆောင်းတွင်းဝတ်ကုတ်အင်္ကျီများခွါကြ၍ အတိုအထွာ၊ အဖော်အချွတ်၊ အပါးအလျလေးတွေထွက်ပေါ်လာပြီးသကာလ.......
ဆောင်းရာသီ နှင့် ဆောင်းဦးရာသီအစအဆုံးမှာ  အဝတ်အစားထူထူထဲထဲတွေပဲမြင်လာရတော့ အပါးအလျ၊ အတိုအထွာလေးတွေကိုမြင်ရတဲ့အချိန်မှာ..
အမြဲတမ်းဖြစ်နေကျ အမှုတွေ စတင်လို့လာပါပြီ။
အမျိုးသမီးများကို မဖွယ်မရာပြုမှု။
ရုံးတက်ရုံးဆင်း ရထားကြပ်တာကိုအခွင့်ကောင်းယူပြီး အမျိုးသမီးတွေရဲ့ ရင်သား၊ တင်ပါး ပေါင် စသည်တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်းဖြစ်သည်။
Groping လုပ်ခြင်းပင်၊ ဂျပန်လိုတော့ Chi Kan ( ချိ ကန်း ) ဟုခေါ်ပါသည်။
ဂျပန်မှာ ဒီလိုမဖွယ်မရာပြုမှုကို နိုင်ငံခြားသားတွေကလုပ်ကြတယ်လို့ယူဆမိကြမယ်၊
ဘာဖြစ်လို့လဲဆိုတော့ ဂျပန်ဟာတိုးတက်တယ်၊ ဂျပန်တွေဟာစည်းကမ်းရှိကြတယ်၊ နိုင်ငံကြီးသားပီသကြတယ်ဆိုပြီးပြောတတ်ကြတဲ့ ခင်ဗျားတို့ရဲ့စကားပေါ့။
ဒီလိုမဖွယ်မရာပြုမှုကိုလုပ်ဆောင်နေကြတာဟာ ဂျပန်တွေပါပဲ။
ဝတ်စားထားသည်မှာသပ်သပ်ရပ်ရပ် suit နဲ့၊ ကုမ္ပဏီဝန်ထမ်း၊ ကုမ္ပဏီအရာရှိ အလွှာမျိုးစုံပါဝင်ပါသည်။
ဘယ်လိုမှထင်ရက်စရာမရှိပါ။
လူ့စိတ်ဆိုတာကခက်သားလား
မသိအောင်လုပ်လိုက်ရမှ ( တနည်းအားဖြင့် ခိုးပြီးလုပ်လိုက်ရမှ ) ကြိတ်ပြီးကြည်နူးတတ်တဲ့သူတွေကလည်းရှိသည်။
ပွင့်ပွင့်လင်းလင်းပြောရရင်လွတ်လပ်နေတာပဲ၊ ဝယ်စားလို့ရတယ်လေ။
ဖုန်းဆက်လိုက်မလား၊ website ကနေ booking လုပ်မလား၊ လုပ်စားတဲ့နေရာကိုတိုက်ရိုက်သွားလို့လည်းရတယ်။
ဒါပေမဲ့.....သူတို့မှာ အိပ်ကပ်ထဲကပိုက်ဆံထွက်ဖို့ကိုလည်းသေမလောက်ကြောက်တဲ့ရောဂါကရှိသေးတယ်။
လူမိသွားလို့ တောင်းပန်ရုံနဲ့ပဲပြီးသွားရင် တန်တယ်လေ။
" ဘာပဲဖြစ်ဖြစ် သင့်အပြစ် " ဆိုသလို ဖင်ကုန်းပြီးတောင်းပန်တော့တာပါပဲ။ တောင်းပန်လွန်းလို့ အရမ်းအားနာတတ်တဲ့သူနဲ့တွေ့တော့လည်း
လျော်ကြေးမပေးရတော့ဘူးပေါ့။
အလျော်တောင်းခံရရင်တော့ ဒီတစ်ခေါက်တွက်ခြေမကိုက်ဖူးပေါ့။
ရထားတွေမှာလည်း အမျိုးသမီးသီးသန့်တွဲတစ်တွဲ ပေးထားရတာကိုကြည့်ခြင်းအားဖြင့် ဘယ်လောက်သောင်းကျန်းသလဲဆိုတာသိနိုင်ပါတယ်
Wikipedia မှာလည်းကြည့်နိုင်ပါတယ်။
နိုင်ငံခြားသားတွေကကော ဘယ်လိုလဲ???
ဒီအမှုမျိုးကရှိပါတယ် ရှားတယ်၊ နောက်တစ်ခုက နိုင်ငံခြားသားတွေနဲ့ကျတော့ အဖြစ်ကပြောင်းပြန်။
တချို့သောဂျပန်အမျိုးသမီး၊ ဂျပန်ကျောင်းသူတွေကို သတိထားနေရတယ်။
အမျိုးသမီးတွေက ဂွင်ဆင်ပြီးငွေညှစ်ကြသည်။ တကယ်မလုပ်သော်လည်း လက်ကိုဖမ်းဆွဲပြီး "ကျွန်မကိုမဖွယ်မရာပြုပါတယ်" ဆိုပြီး အော်တတ်ပါတယ်။
ဂျပန်ဆိုတာကလည်း နဂိုကတည်းကမှ နိုင်ငံခြားသားဆိုရင် မျက်စိဒေါက်ထောက်ပြီးကြည့်တတ်တဲ့သူမျိုးဆိုတော့ ပိုဆိုးတာပေါ့။
ပြီးတော့ နိုင်ငံခြားသားတွေမှာ Visa က အသက်ဆိုတော့ ပြဿနာတက်ပြီဆိုရင် အရှုပ်အရှင်းတွေကပိုများလာမယ်လေ။
အထူးသဖြင့် ဂျပန်ကျောင်းသူတွေကို ပိုကြောက်ရပါတယ်။ ပိုက်ဆံလိုလို့လုပ်စားတတ်ကြလို့ပါ။
လျော်ကြေး ယန်း ၂ သောင်း၊ ၃ သောင်းလောက်ရလည်း မနဲဘူးလေ။
ချိကန်း အကြောင်းကို ရွှေမော်ကွန်း မှာလည်းဖတ်ရှုနိုင်ပါတယ်
ဒီ ချိကန်း အကြောင်းနဲ့ပါတ်သက်ပြီး ရိုက်ကူးထားတဲ့ရုပ်ရှင်ကားလည်းရှိပါတယ်
တကယ်မလုပ်ပါပဲ ချိကန်း လို့စွပ်စွဲခံရပြီး ထောင်ကျသွားတဲ့ မဟုတ်မခံစိတ်ရှိသောလူငယ်တစ်ယောက်အကြောင်းရိုက်ကူးထားတာပါ
homepage ကိုလည်းသွားကြည့်နိုင်ပါတယ်   http://www.soreboku.jp/eng/index.html
လုပ်ချင်တာလုပ်ပြီး တောင်းပန်လိုက်တာနဲ့ရရောလား? ခံလိုက်ရတဲ့သူဘက်ကိုရော မစဉ်းစားပေးကြဘူးလား?
မဟုတ်တဲ့သူအတွက်ကရော?
" I Just Didn't Do It " ကို ကြည့်ရန်  mysoju  နဲ့  dramacrazy မှာကြည့်ရှုခံစားနိုင်ပါတယ်
14 May, 2011
မြင့်မြတ်သောစိတ်ဓာတ်များအကြောင်း
     နိုင်ငံကိုယ်စားပြုဆိုတာဒါမျိုးပါ
     ခိုင်းလို့လုပ်နေတာမဟုတ်ဘူး
     စနေနေ့တိုင်းသန့်ရှင်းရေးမဟုတ်ဘူး
     လက်ပိုက်ပြီးရပ်ကြည့်နေတတ်တဲ့လူမျိုးမဟုတ်ဘူး
     ငွေရှာဖို့တစ်ခုတည်းအတွက်လူဖြစ်လာတာမဟုတ်ဘူး
     ဒီလိုလူတွေရှိနေတာကိုက ဂုဏ်ယူလို့မဆုံးနိုင်ပါဘူး
21 April, 2011
ဂျပန်တို့ ဒီတောင်ကိုကျော်နိုင်ပါ့မလား ( ၂ )
     21-04-2001 မနေ့ကစ၍ Fukushima Daiichi အဏုမြူဓာတ်အားပေးစက်ရုံမှ ကီလိုမီတာ ၂၀ အတွင်းကို
     သာမန်အရပ်သူ/သားများ မဝင်ရောက်ရနယ်မြေအဖြစ်သတ်မှတ်လိုက်ကြောင်း
     အဆိုပါတားမြစ်နယ်မြေအတွင်းကို ခွင့်ပြုချက်မရရှိပဲဝင်ရောက်မယ်ဆိုရင် အပြစ်ပေးမှာဖြစ်တဲ့အကြောင်း
     ဂျပန်ဝန်ကြီးချုပ် Naoto Kan ကပြောကြားသွားပါတယ်
     အဆိုပါအရပ်ကို စွန့်ခွာ၍ထွက်ပြေးလာသောဒုက္ခသည်တွေကတော့ ကီလိုမီတာ ၂၀ အတွင်းမှာရှိတဲ့
     ကိုယ့်အိမ်ကိုယ့်ယာကိုပြန်ဝင်မယ်ဆိုရင် ၂နာရီကြာသည်အထိသာအချိန်ပေးမှာဖြစ်ကြောင်း၊
     ပြန်ထွက်လာရင်လည်းရေဒီယိုသတ္တိကြွမူကို စစ်ဆေးမှာဖြစ်တဲ့အကြောင်း
     အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်သူ Yukio Edano က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားပါတယ်။
     အသေးစိတ်ကိုတော့ THE DAILY YOMIURI မှာဖတ်ရှုနိုင်ပါတယ်
     မနေ့ညက TV သတင်းမှာလည်းထုတ်လွှင့်ပြသသွားပါတယ်
16 April, 2011
မွန်းလွဲ ၂:၅၉
ယိုကိုဟားမားလိုင်းတစ်လိုင်းမှာ
ဂျပန်တစ်ယောက် ရထားရှေ့ခုန်ချပြီး
သတ်သေသွားတယ်
၃:၃၃
ရထားတွေအခုမှပြန်ထွက်တယ်
11 April, 2011
ယနေ့ငလျင်သတင်း ၂၀၁၁ ခုနှစ် April ၁၁ ရက်
ညနေ ၅ နာရီ ၁၆ မိနစ်
Fukushima ခရိုင် Iwaki အနောက်တောင်ဘက်ကိုဗဟိုပြု၍
ပြင်းအား ၆ ရှိသောငလျင်လှုပ်ခတ်သွားပါသည်
07 April, 2011
ယခုည ၁၁ နာရီ ၃၂ မိနစ်မှာ Miyagi ခရိုင်ကိုဗဟိုပြု၍ ပြင်းအား ၅ အဆင့်ရှိသော ပြင်းထန်သည့်ငလျင်လှုပ်ခတ်သွားပါသည်
ဆူနာမီအရေးပေါ်ကြေညာချက်ထုတ်ပြန်ထားပါသည်
02 April, 2011
မြင့်မြတ်စွာသေဆုံးသွားသူတစ်ယောက်အကြောင်း
အမည်          :  Miki ( မိကီ )
အသက်         :  ၂၅ နှစ်
အလုပ်အကိုင် :  သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်စီမန်ခန့်ခွဲရေးဝန်ထမ်း
                          Miyagi ခရိုင် Minami sanriku မြို့
    " ၆ မီတာအမြင့်ရှိသော ဆူနာမီလှိုင်းလုံးများလာနေပါတယ် ဘေးကင်းရာကိုပြေးကြပါ "
    ဟူသော သတိပေးကြေငြာချက်ကို နောက်ဆုံး ဆူနာမီနဲ့မျောပါသွားတဲ့အချိန်အထိ
    အရေးပေါ်ကြိုးမဲ့အသံလွှင့်စက်ဖြင့်အဆက်မပြတ်လှုံ့ဆော်ခဲ့သူ
     ငလျင်လှုပ်အပြီး ဆူနာမီအရေးပေါ်သတင်းကိုသိရချိန် မြို့နေလူထုအားလုံးကို   တောင်ကုန်းပေါ်ရှိ
     အထက်တန်းကျောင်းသို့အမြန်ဆုံးရှောင်ပြေးကြရန်သတိပေးခဲ့ပါတယ်။
     ဆူနာမီကနေလွတ်မြောက်လာတဲ့မြို့ခံတွေပြောပြချက်အရ ငလျင်လှုပ်ပြီး နာရီဝက်အကြာမှာ
     ၁၀ မီတာလောက်မြင့်တဲ့လှိုင်းလုံးတွေဝင်ရောက်လာပါတယ် လို့ဆိုပါတယ်။
     အဆိုပါ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်စီမန်ခန့်ခွဲရေးအဆောက်အဦးကနေ
     လွတ်မြောက်လာသူ ၁၀ ရောက်ခန့်ရှိပေမယ့်အဲဒီအထဲမှာတော့ မိကီ ပါမလာခဲ့ပါဘူး။
     အသက်ရှင်ကျန်နေခဲ့သူဝန်ထမ်းတွေထဲကတစ်ယောက်ကတော့ မိကီဟာရေထဲမျောပါသွားတာကို
     တွေ့လိုက်တယ်ဟုပြောပါတယ်။
     " သမီးလေးက နောက်ဆုံးအချိန်အထိ အားလုံးကို အဆက်မပြတ်လှုံ့ဆော်သတိပေးသွားတယ်
     လို့ထင်ပါတယ် "ဟု သူမ၏မိခင်ဖြစ်သူဟာ ထိန်းမနိုင်သိမ်းမရစီးဆင်းနေတဲ့မျက်ရည်စတွေနဲ့
     ပြောပြသွားပါတယ်။
Miyagi ခရိုင် Minami sanriku မြို့
မိကီတစ်ယောက်နောက်ဆုံးအချိန်ထိအရေးပေါ်ကြိုးမဲ့အသံလွှင့်စက်ဖြင့်အဆက်မပြတ်လှုံ့ဆော်ခဲ့သော
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်စီမန်ခန့်ခွဲရေးအဆောက်အဦး ( ညာ )
မှတ်ချက်။   ။  အထက်ပါအကြောင်းအရာနှင့်ပါတ်သက်၍ NHK တွင်ထုတ်လွှင့်ပြသသွားသည်ကိုလည်းကြည့်ရှူခဲ့ရပါသည်။ 
                  တွေ့ရှိခဲ့သော်လည်း ဒီအကြောင်းကိုရေးတဲ့အချိန် ပြန်ရှာကြည့်တော့ user ကိုယ်တိုင်ပြန်ဖျက်လိုက်ပါတယ်
                  ဆိုတဲ့တဲ့စာသားကိုသာတွေ့မြင်ရပါတယ်
မိမိ၏အသက်ကိုပဓာနမထားပဲ သေဆုံးခါနီးအချိန်အထိ တာဝန်ကိုကျေပွန်စွာထမ်းဆောင်သွားသော မိကီ နှင့်
 ကွယ်လွန်သူအပေါင်းတို့အား
                  အမျှ.....
                  အမျှ.....
                  အမျှ.....ပေးဝေလျက်
 ပရလောကသားများ
ဂျပန်တို့ ဒီတောင်ကိုကျော်နိုင်ပါ့မလား
     ယနေ့နံနက် ၉ နာရီခွဲဝန်းကျင် Fukushima Daiichi အဏုမြူဓာတ်အားပေးစက်ရုံရှိ nuclear power plant No. 2 ၏  " Pit Center " ဟုအမည်တွင်သောရေသိုလှောင်ထားရှိရာတွင်းမှ
အက်ကြောင်းပေါ်ထွက်၍အဆိုပါရေသိုလှောင်ထားရှိရာတွင်းမှ ရေဒီယိုသတ္တိကြွမူပမာဏ တစ်နာရီလျှင်ပျမ်းမျှ 1,000 milisieverts အထက်ရှိသောရေများ ပင်လယ်ထဲသို့စိမ့်ထွက်စီးဆင်းနေကြောင်းသိရပါသည်။
      အဆိုပါအက်ကြောင်းပေါ်ထွက်ရာနေရာအား ကွန်ကရစ်ရည်များဖြင့်လောင်း၍ပိတ်ထားလိုက်ကြောင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။    
         Radioactive water leak confirmed-NHK
ယနေ့ငလျင်သတင်း ၂၀၁၁ ခုနှစ် April ၂ ရက်
ညနေ ၄ နာရီ ၅၆ မိနစ်
Ibaraki ခရိုင် ( နိုင်ငံရေးအကျဉ်းထောင်ရှိရာနေရာ )တောင်ဘက်ကိုဗဟိုပြု၍
ပြင်းအား ၅ ရှိသောငလျင်လှုပ်ခတ်သွားပါသည်
Tokyo, Tochigi, Fukushima, Kanagawa ခရိုင်များမှာ ပြင်းအား ၃ နဲ့လှုပ်ခတ်သွားသဖြင့်
" ငလျင်ကမပြီးသေးဘူးလား" ဆိုတဲ့အတွေးမျိုးပြန်ထွက်လာပါတယ်
31 March, 2011
အသက်ကိုညဏ်စောင့်၏
ဂျပန်နိုင်ငံပညာရေးဝန်ကြီးဌာန သဘာဝပါတ်ဝန်းကျင်ရေဒီယိုသတ္တိကြွမူသုတေသနစစ်တမ်းကောက်နှုတ်ချက်
March 30th 2011 ည ၁၁ နာရီ ၁၇ မိနစ် 
     Tokyo        0.103 μSv per hour ( μSv = microsievert )
     Yokohama  0.069 μSv per hour
     Shizuoka     0.042 μSv per hour
     Chiba        0.073 μSv per hour
     Sendai       0.97 μSv per hour
     Fukushima Daiichi အဏုမြူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏တောင်ဘက် 30km ဝန်းကျင်မှာ 2.5 μSv per hour
     စသည်ဖြင့် အသီးသီးဖော်ပြထားသော်ငြားလည်း Fukushima Daiichi အဏုမြူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ
     ရေဒီယိုသတ္တိကြွမူအတိုင်းအတာကိုတော့ဖော်ပြထားခြင်းမရှိပါ
         ယခုလတ်တလောဂျပန်နိုင်ငံတွင်ထွက်ပေါ်နေသောရေဒီယိုသတ္တိကြွမူနှင့်လူသားတို့၏နေ့စဉ်ဘဝတွင်သက်ရောက်နေသော
ရေဒီယိုသတ္တိကြွမူကိုနှိုင်းယှဉ်နိုင်ရန် အောက်ဖော်ပြပါ table ကိုပူးတွဲဖော်ပြလိုက်ရပါသည်
22 March, 2011
တိုကျိုမြို့သည် ပုခက်လွှဲတော့မည်လော
3/23 သန်းကောင်ကျော် ၁:၁၂
Ibaraki ခရိုင် နဲ့ Chiba ခရိုင်ကို ဗဟိုပြုပြီး ပြင်းအား ၃ ရှိတဲ့ငလျင်လှုပ်ခတ်သွားပါတယ်
မနေ့ ( 3/22) ညနေ ၄:၃၀ မှစ၍ တိုကျိုအနီးဝန်းကျင်ခရိုင်များမှာ 
ငလျင်ငယ်များ ၁၂ ကြိမ်ခန့်လှုပ်သွားတဲ့အတွက်
တိုကျိုဟာဘယ်တော့လဲဆိုတဲ့ မေးခွန်းတွေ ဟိုတစ်စ ဒီတစ်စထွက်ပေါ်နေပါတယ်
အခု ၁:၂၉ အထိ လှုပ်စိလှုပ်စိဖြစ်နေတုန်းပါပဲ
ထိုင်ပြီးကြောက်နေဖို့ပြောတာမဟုတ်ပါဘူး
အမြဲတမ်းသတိရှိနေဖို့ပါ
20 March, 2011
အခြေအနေတွေငြိမ်သက်စပြုလာပြီ
ငလျင်ငယ်များကတော့လှုပ်ခတ်နေဆဲ
Fukushima အဏုမြူဓာတ်အားပေးစက်ရုံကိုထိန်းထားနိုင်စပြု
နျူကလီးယား ဓာတ်ရောင်ခြည်လျော့ကျလာ
လျှပ်စစ်မီးကို နေရာအနှံ့အပြားမှာချွေတာ
ဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာများ စတင်ဖြန့်ဝေ
လမ်းဘေးဖုန်းများမှ ပြည်တွင်းပြည်ပအခမဲ့ခေါ်ဆိုနိုင်မှုအစီအစဉ်ရပ်ဆိုင်း
နိုင်ငံခြားသားများ အမိမြေသိုပြန်ကြ၍ အလုပ်သမားမလုံလောက်မှုဖြစ်ပေါ်နေ
18 March, 2011
2011/3/18 ညနေ ၅:၀၁
Miyagi ခရိုင်ကိုဗဟိုပြု၍ ပြင်းအား ၄.၅ ရှိသောငလျင်လှုပ်ခတ်သွားပါသည်။
ယနေ့ ဂျပန်နိုင်ငံမှာလျှပ်စစ်ဓာတ်အားမလုံလောက်ရခြင်း အခြားအကြောင်းရင်းတစ်ခု
     ငလျင်ဒဏ်ကြောင့် Fukushima အဏုမြူဓာတ်အားပေးစက်ရုံ မီးလောင်ပေါက်ကွဲသွားသဖြင့်
     Tokyo, Saitama, Chiba, Shizuoka, Kanagawa အစရှိသော ခရိုင်များတွင် ယခုလ ၁၆ ရက်နေ့မှစတင်ပြီး
     ၃ နာရီကြာအလှည့်ကျ လျှပ်စစ်မီးဖြတ်တောက်သည့်စနစ်ကိုစတင်ခဲ့ပါသည်။
     အခြေအနေပေါ်မူတည်၍ လျှပ်စစ်မီးဖြတ်တောက်မှုအစီအစဉ်ကို ရပ်ဆိုင်းသည့်နေ့များလည်းရှိပါသည်။
     ၃ နာရီကြာအလှည့်ကျ လျှပ်စစ်မီးဖြတ်တောက်မှုကြောင့်
     စက်ရုံများပုံမှန်မလည်ပါတ်နိုင်ခြင်း၊
     ရထားများရာနှုန်းပြည့်မပြေးဆွဲနိုင်သောကြောင့် company များတွင် ဝန်ထမ်းများကို အချိန်စော၍ပြန်စေခြင်း၊
     ကုန်တိုက်များ၊ Super Market များ သာမန်ထက်အချိန်စော၍ပိတ်ခြင်းတို့ဖြစ်ပေါ်နေပါသည်။
     ဂျပန်နိုင်ငံသည် ပြည်တွင်းသုံး ဗို့အား ၁၁၀ ဖြစ်ပါလျက်နှင့်အဘယ်ကြောင့်လျှပ်စစ်ဓာတ်အားမလုံလောက်ရပါသလဲ?
     ဂျပန်နိုင်ငံ အရှေ့ဘက်မှာရှိတဲ့ Fukushima အဏုမြူဓာတ်အားပေးစက်ရုံ မီးလောင်ပေါက်ကွဲသွားပေမယ့်
     အနောက်ဘက် Osaka မှာလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိပါသေးသည်။
     ဒါပေမယ့် တောင်မင်းကိုမြောက်မင်းမကယ်နိုင်
     အခုလို သဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့ရလို့ အရှေ့ဘက်မှာရှိတဲ့စက်ရုံကိုသုံးလို့မရတဲ့အခါ
     အနောက်ဘက်ကစက်ရုံကလည်း အရှေ့ဘက်ကိုလျှပ်စစ်မီးခွဲပေးလို့မရ။
     Frequency မတူသောပြဿနာ။
     အရှေ့ဘက်က      50Hz
     အနောက်ဘက်က 60Hz
     wikipedia အရ ကမ္ဘာပေါ်မှာ 50Hz နဲ့ 60Hz ကို ၂ မျိုးစလုံးသုံးတာဟာ Japan နဲ့ Tahiti ဖြစ်ပါတယ်။
11 March, 2011
ဂျပန်ငလျင်နောက်ဆက်တွဲများ
March 17 08:52 am ဂျပန်နိုင်ငံမှ တရားဝင်သတင်းထုတ်ပြန်ကြေငြာချက်
March လ ၁၁ ရက်နေ့မွန်းလွဲ ၂ နာရီ ၄၆ မိနစ်ခန့်တွင်ဖြစ်ပွါးခဲ့သောငလျင်နှင့်ဆူနာမီဒဏ်ကိုစတင်ခံစားရသည့်အချိန်မှယနေ့အထိ
သေဆုံးသူဦးရေ ၄၃၁၄၊
ပျောက်ဆုံးသူဦးရေ ၈၆၀၆ အထိ မြင့်တက်ခဲ့ပြီး၊
အိမ်ခြေပျက်စီးမှု
Fukushima ခရိုင်တွင် အိမ်ခြေပေါင်း ၂၄၁၃ အိမ်၊
အခြား ခရိုင် ၉ ခုတွင် အိမ်ခြေပေါင်း ၃၅၆၂ အိမ်ကျော်အထိရှိခဲ့ပါသည်။
လမ်းမများပျက်စီးမှု
Ibaraki ခရိုင် ( နိုင်ငံရေးအကျဉ်းထောင်ရှိရာနေရာ ) တွင် ၃၀၇ နေရာ၊
Tochigi ခရိုင်တွင် ၂၄၁ နေရာ၊
Chiba ခရိုင်တွင် ၂၇၈ နေရာ၊
Saitama ခရိုင်တွင် ၁၅၅ နေရာအထိ ရှိခဲ့ပါသည်။
ငလျင်နှင့်ဆူနာမီဒုက္ခသည်အရေအတွက်
ခရိုင် ၈ ခုတွင် ၃၈၆,၀၀၀ ယောက်၊
Iwate ခရိုင်တွင် ၅၁,၅၅၃ ယောက်၊
Aomori ခရိုင်တွင် ၃၆၇ ယောက်၊
Fukushima ခရိုင်တွင် ၁၃၁,၆၆၅ ယောက်၊
Tochigi ခရိုင်တွင် ၈၉၆ ယောက်၊
Miyagi ခရိုင်တွင် ၁၉၁,၄၄၂ ယောက်၊
Ibaraki ခရိုင်တွင် ၇,၉၂၀ ယောက်၊
Niigata ခရိုင်တွင်၂၅၃ ယောက် ( Fukushima ခရိုင်မှ ထွက်ပြေးလာသူ )၊
Yamagata ခရိုင်တွင် ၁,၈၈၀ ယောက် ( Fukishima နှင့် Miyagi ခရိုင်မှ ထွက်ပြေးလာသူ ) အထိ ရှိခဲ့ပါသည်။
ပြည်တွင်းစားနပ်ရိက္ခာနှင့်ပါတ်သက်၍
 ဆန် - လုံလောက်စွာရှိပါသည်။ ငလျင်နှင့်ဆူနာမီကျရောက်ရာနေရာများမှာ
          လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်ပါသည်။
  ရေ - လုံလောက်စွာရှိပါသည်။  ငလျင်နှင့်ဆူနာမီကျရောက်ရာနေရာများမှာ
          လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်ပါသည်။
         ဆန် နှင့် သောက်ရေသန့် ဝယ်ယူ၍မရတော့ပါဟူသောပြဿနာမှာ မြို့နေလူထု၏စိုးရိမ်ပူပန်စွာဖြင့်
         အရေအတွက်များပြားစွာဝယ်ယူထားခြင်းကြောင့် product & delivery flow ကမောက်ကမဖြစ်ရခြင်း
         အကြောင်းအရင်းဖြစ်သည်။
 ပေါင်မုန့် - မုန့်ဖုတ်သည့်စက်ရုံများ ငလျင်ဒဏ်ခံရပြီး ထုတ်လုပ်သည့်ပမာဏလျော့ ကျသွားသည်မှလွဲ၍
               ပြဿနာကြီးကြီးမားမားမပေါ်ပေါက်ပါ
 ပုံမှန်အနေအထားဖြင့် ဝယ်ယူနိုင်ရန် ကြိုးစားဆောင်ရွက်နေပါသည်။
ရာသီဥတုအခြေအနေ
နွေဦးရာသီရောက်နေပြီဖြစ်သော်လည်း ငလျင်နှင့်ဆူနာမီအဓီကကျရောက်ရာ Iwate နှင့် Miyagi တို့တွင်
နှင်းများကျရောက်နေပါသည်။ Tokyo မြို့မှာလည်းနေ့အပူချိန် ၆ ဒီဂရီစင်တီဂရိတ်သာရှိပြီး လာမည့် သောကြာနေ့ ( သို့ ) စနေနေ့လောက်အထိ ဆက်လက်ပြီးအေးဦးမည်ဟုဆိုပါသည်။
Fukushima အဏုမြူဓာတ်အားပေးစက်ရုံ ရေဒီယိုသတ္တိကြွမှု
Tuesday, 3/15
တိုကျိုမြို့ နံနက် ၁၁ နာရီတွင် ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် က Fukushima စက်ရုံမှ နျူကလီးယား ဓာတ်ရောင်ခြည်တွေ အမြင့်ဆုံးအဆင့် ရောက်သွားပြီး အဲဒီနေရာနဲ့ ကီလိုမီတာ ၃၀ ပတ်လည်ရှိ လူတွေ အိမ်တံခါး ပိတ်နေကြဖို့ ကြေငြာလိုက်သည်။
  Fukushima  စက်ရုံမှ ဓာတ်ပေါင်းဖို အမှတ် (၂) အင်္ဂါနေ့ မနက် စောစောပိုင်းတွင် ပေါက်ကွဲခဲ့သည်။ သောကြာနေ့ နေလည် ငလျင်နဲ့ ဆူနာမီ ပြီးကတည်း လေးကြိမ်မြောက် ပေါက်ကွဲခြင်းဖြစ်သည်။
  စွန့်စား လုပ်ဆောင်ခဲ့တဲ့ အလုပ်သမားတွေက အမှတ် (၂) ဓာတ်ပေါင်းဖိုကို ရေဒီယိုဓာတ်တွေ ယိုစိမ့်ပြန့်နှံ့မှု မဖြစ်အောင် ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု လျှော့ချပေးနိုင်ပေမဲ့၊ ဒီနေ့မနက် ( 3/16 ) ၆ နာရီမှာ အမှတ် (၄) ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး မီးလုံးကြီးတွေ တက်လာသည်။ အမှတ် (၄) ဓာတ်ပေါင်းဖို မီးစလောင်နေပြီလို့ ၀န်ကြီးချုပ်က ကြေငြာလိုက်သည်။  အမှတ် (၃) ဓာတ်ပေါင်းဖိုလည်း ရေဒီယို ဓာတ်ရောင်ခြည် မြင့်တက်ပြီး ပေါက်ကွဲဖို့ ဆိုင်းပြင်းနေပြီဟုသိရသော်လည်း ယခုအချိန်အထိအခြေအနေမထူးခြားသေးပါ။
ယနေ့ နံနက် ( 3/17 ) ဂျပန်စံတော်ချိန် ၉ နာရီထုတ်ပြန်ချက်အရ
ဓာတ်ပေါင်းဖို နံပါတ် 1,2,3 မှာပိတ်ထားသည်။
ဓာတ်ပေါင်းဖို နံပါတ် 4,5,6 မှာလည်းပိတ်ထားပြီးစစ်ဆေးနေဆဲဖြစ်သည်။
အဆိုပါရေဒီယိုသတ္တိကြွမှု နှင့်ပါတ်သက်၍တိုင်းတာချက်များအရ
         Fukushima မြို့မှာ 5 microsievert per hour, about 100 times higher than usual
      Kanagawa ခရိုင်မှာ 10 times higher than usual
         Saitama ခရိုင်မှာ 1,222 nanosievert per hour, about 40 times higher than usual
           Tochigi ခရိုင်မှာ 1.318 microsievert per hour, 33 times bigger than usual
           Tokyo မှာတော့ ပြောပလောက်တဲ့အနေအထားမရှိဘူးလို့ဆိုပါတယ်။
                                               1 microsievert = 0.0001 REM
    "သတင်းကို အမှန်အတိုင်းကြေငြာတယ်၊ TV မှာအမှန်အတိုင်း ပြသတယ်၊
     ဝန်ကြီးချုပ်ကိုယ်တိုင် လူရှေ့သူရှေ့ ထွက်ပြောတယ်၊
     ဒီလို လိမ်ညာမှုမရှိပဲ အချိန်နှင့်အမျှ အမှန်အတိုင်းဖော်ပြပေးနေတဲ့အစိုးရရှိနေလို့
     ဒို့ဂျပန်လူမျိုးတွေဟာ အခုအချိန်မှာသေမယ်ဆိုရင်တောင်သေပျော်ပါတယ်" ဟု
     ဂျပန်လူမျိုးတစ်ယောက်ကဂုဏ်ယူစွာပြောကြားခဲ့သည်ကိုဖော်ပြရင်းနိဂုံးချုပ်လိုက်ပါတယ်။
3/16 ည ၁၀:၃၆
Ibaraki ခရိုင်ကိုဗဟိုပြု၍ငလျင်လှုပ်ပါတယ် ပြင်းအား ၅
( Ibaraki ခရိုင်ဟာ နိုင်ငံရေးအကျဉ်းထောင်ရှိရာနေရာဖြစ်ပါတယ် )
တိုကျိုမှာတော့ ပြင်းအား ၃ နဲ့လှုပ်သွားပါတယ်
၁၀:၅၈ အထိ ငလျင်ငယ်များဆက်လက်ဖြစ်ပွါးပါတယ်
ငလျင်စတင်သည့်နေ့မှ ယနေ့ ၁၆ ရက်နေ့အထိ
Fukushima အဏုမြူလျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်ပေါက်ကွဲမှုများ
     မနေ့ကတိုကျိုမြို့ နံနက် ၁၁ နာရီတွင် ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် က Fukushima စက်ရုံမှ နျူကလီးယား ဓာတ်ရောင်ခြည်တွေ အမြင့်ဆုံးအဆင့် ရောက်သွားပြီး အဲဒီနေရာနဲ့ ကီလိုမီတာ ၃၀ ပတ်လည်ရှိ လူတွေ အိမ်တံခါး ပိတ်နေကြဖို့ ကြေငြာလိုက်သည်။
  Fukushima  စက်ရုံမှ ဓာတ်ပေါင်းဖို အမှတ် (၂) အင်္ဂါနေ့ မနက် စောစောပိုင်းတွင် ပေါက်ကွဲခဲ့သည်။ သောကြာနေ့ နေလည် ငလျင်နဲ့ ဆူနာမီ ပြီးကတည်း လေးကြိမ်မြောက် ပေါက်ကွဲခြင်းဖြစ်သည်။
  စွန့်စား လုပ်ဆောင်ခဲ့တဲ့ အလုပ်သမားတွေက အမှတ် (၂) ဓာတ်ပေါင်းဖိုကို ရေဒီယိုဓာတ်တွေ ယိုစိမ့်ပြန့်နှံ့မှု မဖြစ်အောင် ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု လျှော့ချပေးနိုင်ပေမဲ့၊ ဒီနေ့မနက် ( 3/16 ) ၆ နာရီမှာ အမှတ် (၄) ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး မီးလုံးကြီးတွေ တက်လာသည်။ အမှတ် (၄) ဓာတ်ပေါင်းဖို မီးစလောင်နေပြီလို့ ၀န်ကြီးချုပ်က ကြေငြာလိုက်သည်။  အမှတ် (၃) ဓာတ်ပေါင်းဖိုလည်း ရေဒီယို ဓာတ်ရောင်ခြည် မြင့်တက်ပြီး ပေါက်ကွဲဖို့ ဆိုင်းပြင်းနေပြီ။
မှတ်ချက်။  ။ ဤရေဒီယိုသတ္တိကြွမှုနှင့်ပါတ်သက်၍ Fukushima ကနေ အနောက်လေ ( သို့ )
                အနောက်တောင်လေတိုက်ပြီဆိုရင်တော့တိုကျိုမြို့လည်းအကြောင်းမလှတော့ဘူးလို့ဆိုပါတယ်။
                 အခုအချိန်အထိကတော့ Fukushima မှာအရှေ့လေပဲတိုက်နေတာမို့ လေကြောင်းကပင်လယ်ဘက်ကိုပဲဦးတည်
     နေပါတယ်။
                 တိုကျိုမြို့မှာ ရေဒီယိုသတ္တိကြွမှုကိုတိုင်းတာနေပေမဲ့ အခုအထိတော့ထိုးခြားမှုတစုံတရာမတွေ့ရသေးပါဘူး။
3/16 နေ့လည် ၁၂:၃၂
Chiba ခရိုင်အရှေ့မြောက်ပိုင်း
ပြင်းအား ၅ ၊ ဆူနာမီအတွက်ပူပန်စရာမရှိပါ
တိုကျို ပြင်းအား ၃
Chiba ဟာ တိုကျိုကနေရိုးရိုးရထားစီးသွားရင်တစ်နာရီသာသာ
3/16
Shizuoka နဲ့ အဆက်အသွယ်ရပြီ
မနေ့ည ၁၀:၃၁ Shizuoka ခရိုင်မှာလှုပ်ခဲ့သောငလျင်နှင့်ပါတ်သက်၍
Shizuoka မှာ မြန်မာအများအပြားရှိနေလို့ မိဘဆွေမျိုးတွေလည်းစိတ်ပူနေမယ်လို့ထင်ပါတယ်
အဆက်အသွယ်ရပါပြီ မြန်မာအများစုရှိတဲ့နေရာက Shizuoka ခရိုင်ရဲ့အလယ်ပိုင်းဖြစ်နေတဲ့အတွက် ပြင်းအား ၄ သာရှိတယ်လို့သိရပါတယ်
TV သတင်းမှာတော့ သေဆုံးသူမရှိ၊ ထိခိုက်ဒဏ်ရာရသူများသာရှိသည်...ဟု သိရပါသည်။
  3/15 ည ၁၀:၃၁
 Shizuoka ခရိုင်မှာငလျင်လှုပ်တယ် ပြင်းအား ၆ ရှိတယ်
Shizuoka ကိုဖုန်းခေါ်လို့မရသေးပါ
3/15 ည ၁၀:၂၈
ငလျင်ငယ်လှုပ်တယ်
3/15 နံနက် ၅:၀၀
        ပြင်းအား ၃ ငလျင်တစ်ခုထပ်လှုပ်ပါတယ်
                                 Fukushima အဏုမြူလျှပ်စစ်ဓါတ်ပေါင်းဖိုနှစ်လုံးပေါက်ကွဲသွားတဲ့အတွက် နယ်တွေမှာ လျှပ်စစ်ဓာတ်အားကိုအလှည့်ကျ ( ၃နာရီစီ ) ဖြတ်တောက်ပါတယ်။
ဓာတ်အားပေးစက်ရုံရဲ့ 30 km ဝန်းကျင်အထိအန္တရာယ်ရှိနေကြောင်းသထိပေးထားပါတယ်။
ဘူတာရုံတွေမှာရွေ့လျားစက်လှေကားတွေကိုရပ်ထားပါတယ်။
ရထားတွေ ရာနှုန်းပြည့်ပြေးဆွဲမှုမရှိသေးပါဘူး။
Super market နဲ့စတိုးဆိုင်တွေမှာတစ်ရှူး၊အိမ်သာသုံစက္ကူ၊ခေါက်ဆွဲခြောက်၊မုန့်တွေမရှိတော့ပါ၊
တစ်လအတွင်းမှာ ပြင်းအား ၇ အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်လှုပ်ဖို့ရှိတယ်လို့သိရတဲ့အတွက်
ကြိုတင်ဝယ်ယူစုဆောင်းထားတဲ့သဘောလည်းပါပါတယ်။ကြိုတင်ပြင်ဆင်ထားကြပါတယ်။
ကုန်ပစ္စည်းတွေပြတ်လတ်သွားတဲ့အတွက် လက်ကျန်ကိုဈေးတင်ရောင်းတာမျိုး၊ လှောင်ထားတာမျိုးမရှိပါဘူး။
အစိုးရက သတင်းကိုအမှန်အတိုင်းကြေငြာတဲ့အတွက် တီဗွီကိုအချိန်ပြည့်ဖွင့်ထားရပါတယ် ငလျင်မလာခင် စက္ကန့်ဝက် (သို့) တစ်မိနစ်အတွင်း တီဗွီမှာ alarm မြည်ပြီး၊
ငလျင်လှုပ်တော့မယ့်နေရာကိုလည်းဖော်ပြပါတယ်။
အဓိကဖြစ်ပွားတဲ့နေရာတွေမှာတော့ ကုန်ကားသမားတွေသာမက၊"ယာကူဇာ"တွေလည်းဝင်ရောက်ကူညီကြတယ်လို့သတင်းရပါတယ်။
ကောလဟာလအလွန်ပေါတဲ့ကျုပ်တို့ဗမာပြည်မှာပြောနေကြသလိုမျိုးဂျပန်နိုင်ငံဟာ ရေအောက်မြုပ်တော့မယ်၊အက်စစ်မိုးတွေရွာလိမ့်မယ်ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။
နူရာဝဲဆွဲ လဲရာသူခိုးထောင်းဆိုသလို ငလျင်ဖြစ်ပွါးတဲနေရာ ခရိုင်တွေမှာမိုးရွာ၊ နှင်းကျနေပြီး တိုကျိုမှာတော့မိုးအုံ့နေပါတယ်။
လာမည့်သောကြာနေ့အထိ ဆက်လက်ပြီး ဆောင်းတွင်းအေးသလိုမျိုးအေးဦးမယ်လို့ဆိုပါတယ်။
                                                                   3/11 နံနက် ၄:၃၆
                                                             ကြိုကြားကြိုကြား လှုပ်တုန်းပဲ
                                                 ကားလမ်းကတော့ တောက်လျှောက်ပိတ်နေဆဲ
                                                                   3/11 နံနက် ၄:၀၀
                                           ငလျင်နောက်တစ်ချက်ထပ်လှုပ်တယ် အရမ်းတော့မပြင်းဘူး
                                       အခုအချိန်ထိ သေဆုံးသူ 300 အထက် ပျောက်ဆုံးသူစာရင်းမသိရသေး
                                                                    3/11 နံနက် ၃:၀၈
                                                  ရထားတွေကတော့ဖြည်းဖြည်းချင်းပြန်ဖွင့်နေပြီ
                                                                         3/11 ည ၁၀:၄၂
                         ငလျင်ဒုက္ခသည်များကို မြို့လယ်ခေါင်မှာရှိတဲ့ Starbucks ကကော်ဖီအလှူဒါနပြုပါတယ်
                                                                    သာဓု သာဓု သာဓု
                                                                         3/11 ည ၉:၄၀
                                                               ရထားတွေလုံးဝမထွက်တော့ပါ
                                                         အားလုံးတန်းစီ အိမ်သာနဲ့လမ်းဘေးဖုန်း
                                                       Homeless တွေက အအိပ်မပျက်ဘူး
                                                                    3/11 ညနေ ၅ နာရီ
                                                           ရထားတွေရပ် Bus တွေကြပ်
10 March, 2011
ထမင်းအိုးလေးလှုပ်သွားတယ်
    ဂျပန်တွေ မေ့နေပြီဖြစ်တဲ့ ငလျင်ဟာ ဒီနေ့ 2:46 pm မှာ စ,ပြီးလှုပ်တယ် အကြီးအကျယ်ပဲ
    ပြင်းအား 7.9 M ရှိတယ်
    ရှိသမျှလူတွေအကုန်လုံး အဆောက်အဦးအပြင်ဘက်ကို ခွေးပြေး ဝက်ပြေး ပြေးကြရတယ်
  ပြီးပြီထင်ပြီး ထဲပြန်ဝင်တဲ့အချိန်မှာ နောက်တစ်ခေါက် အကြီးအကျယ်ထပ်လှုပ်ပါတယ်
   ရထားတွေအကုန်ရပ် ဖုန်းလိုင်းနဲ့ internet ပြတ်တောက်သွားပါတယ်
  အပျက်အစီးများတယ် အခု ညနေ 4:15 အထိ နည်းနည်းစီလှုပ်နေတုန်းပဲ
  http://www.japantoday.com/category/national/view/7-9-quake-rocks-northeastern-japan-tokyo
08 March, 2011
ဂျပန်တွေဖန်တီးထားတဲ့ရောဂါ
     ဆောင်းအကုန် နွေဦးအစ၊ ဒီအချိန်ဒီရာသီရောက်ရင် ဇာတ်လမ်းစပြီ။   
     တချို့သောဂျပန်တွေ၊နိုင်ငံခြားသားတွေကိုကြည့်လိုက်ရင် မျက်နှာဖုံး ( surgical mask ) ကိုယ်စီနဲ့။  
     pollen allergy သို့မဟုတ် hay fever ဆိုတဲ့ အပင်ရဲ့ဝတ်မှုန်နဲ့ (ဓာတ်) မတည့်တဲ့ရောဂါ။
     ဂျပန်မှာတော့ သစ်ကတိုး ( cedar )
                       ဆောင်းရွက်ကြွေပင် ( alder )
                       ဒေါနပန်း ( wormwood )
                       ဂျပန် တဆေးနွယ် ( Japanese hop ) အစရှိတဲ့
     အပင်( ၁၄ ) မျိုးခန့်ကနေဖြစ်ပေါ်တတ်ပါတယ်။
     ဒီရောဂါဟာ တစ်နှစ်ပါတ်လုံးရှိနေပေမယ့် ရာသီဥတုအလိုက်၊ အပင်အလိုက် ဖြစ်ပေါ်တတ်ပါတယ်။
     အဲဒီအပင်တွေရဲ့ ဝတ်မှုန်တွေဟာ လေထဲမှာပျံ့နှံ့နေပြီး ရှူရှိုက်မိသူဟာ ဓာတ်မတည့်ခဲ့ရင် ဖျားနာခြင်း၊
     ၅ ကြိမ်၊ ၆ ကြိမ်ထက်မနည်း ပြင်းထန်စွာနှာချေခြင်း၊ မျက်ရည်ကျခြင်း၊ မျက်စိယားယံခြင်း စသည်ဝေဒနာများကိုခံစားရပါတယ်။
     နှာချေတာဘယ်လောက်များပြင်းထန်သလဲဆိုရင် နားနှစ်ဖက်ပူသွားတဲ့အထိပါပဲ။ ရှင်းတယ်နော်.....
     ဒီရောဂါဖြစ်ပြီဆိုတာနဲ့ ဆေးခန်းသွားပြီး ဆေးတောင်းရုံနဲ့မရပါဘူး၊
     ဆေးခန်းက ဘယ်အပင်ကြောင့်ဖြစ်တယ်ဆိုတာကိုအရင်စစ်ဆေးပြီးမှ ဆေးထုတ်ပေးပါတယ်။
     ၁၉၅၀၊ ၁၉၇၀ ဝန်းကျင်မှာ ဆောက်လုပ်ရေးအတွက်လိုအပ်တဲ့သစ်တွေရဖို့အပင်တွေစိုက်ပျိုးရာကနေ အစပြုခဲ့ပါတယ်။
     အထူးသဖြင့် သစ်ကတိုးကိုအဓိကထားပြီးစိုက်ပျိုးခဲ့ကြတယ်။
     အဲ နောက်ပိုင်းမှာ စီးပွါးရေးပြူးပြီး ပြည်ပကိုပို့ဖို့အတွက်ပါ တိုးချဲ့ပြီးစိုက်လိုက်သေး။
     ဒါလေးဖတ်ကြည့်ပါဦး။
                 Hay fever in Tokyo 2009
     ဒီရောဂါဟာ ဂျပန်မှာရှိတဲ့လူတွေမဆိုထားနှင့် မျောက်တွေပါ ဒုက္ခရောက်တဲ့အကြောင်းကို THE TIMES သတင်းစာရဲ့ THE SUNDAY TIMES မှာဖော်ပြထားပါတယ်။
                Hay fever brings grief to Japanese snow monkeys
     February လကနေစ,ပြီးဂျပန်နိုင်ငံမိုးလေဝသ သတင်းမှာ ဝတ်မှုန်တွေဘယ်လိုပျံ့နှံ့ပြီ၊    
     ဘယ်နေ့မှာပိုများမယ်၊ ဘယ်လောက်ထိပြင်းထန်မယ်ဆိုတာတွေ စတင်ကြေငြာနေပါပြီ။
  ဘယ်လိုလဲ? အဲဒီရောဂါမျိုးကြိုက်လား?
02 March, 2011
လူရိုင်းများနှင့် မူး ကိုမြစ်ထင်နေသူတို့အကြောင်း
     ဂျပန်ကနေအလည်အပါတ်နဲ့းပြန်လာတယ်ဆိုရင်ပဲ sa shi mi  (သားစိမ်း၊ ငါးစိမ်း) တွေစားခဲ့တယ်ဆိုတဲ့အကြောင်း
     တွေ့သမျှကို မနားတမ်း ပြောကြရတာ အမောပေါ့။
     ဂျပန်မှာ sa shi mi စားခဲ့တာဂုဏ်ယူစရာလားကွယ်။ ဒါမှမဟုတ် အထင်ကြီးခံချင်တာလား??
     နတ်ဩဇာပဲ စားမိသလိုလို၊ ခက်ပါဘိ။
     ဘယ်လိုပဲ သန့်အောင်၊ ကျက်အောင် လုပ်ထားပါတယ်ပဲပြောပြော အစိမ်း ဟာ အစိမ်းပါပဲ။
     သား၊ ငါးတွေ အစိမ်းစားရင် ဘာလဲ??
     ကျုပ်တို့ကတော့ လောလောဆယ် အစိမ်းစားရင် လူရိုင်းလို့ပဲသတ်မှတ်ထားသေးတယ်
     အသည်းအစိမ်းတို့၊ မြင်းသားအစိမ်းတို့ သိပ်ကောင်းဆိုပဲဗျို့
     ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့အထဲက ရှောင်ရှားရမယ့်သားကြီးငါးကြီးတွေထဲမှာ
     "မြင်းသား"လည်းပါဝင်ပါတယ်
     ဒါနဲ့  အစိမ်းစားတာ အရမ်းကျန်းမာတယ်ဆိုပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် ဂျပန်တို့ရဲ့လေကောင်းကောင်းမိနေတယ်
     ဆိုတာကိုတွေ့ရပါတယ်။
     "လိမ္မော်သီးစားရင် အအေးမမိတာ" တို့၊ "ဂျင်းစားရင်ကျန်းမာတယ်"တို့  ဆိုတာ
     ဂျပန်တွေခဏခဏပြောတတ်တဲ့ ကလေးအထာ တွေပေါ့။
     ကျုပ်တို့သိထားတာကတော့ အစိမ်းစားတာများလာတဲ့အခါ လူ့ဝမ်းတွင်းကအနံ့ဆိုးထွက်လာပါတယ်။
     ဝင်လေထွက်လေမှာတင် အဲဒီအနံ့ဆိုးကထွက်နေပါတယ်။
     ကျုပ်တို့ဗမာလူမျိုးတွေလည်း တခါတလေ ရေလိုက်လွဲတတ်ကြတယ်။
     ရောမရောက်ရင်ရောမလိုကျင့်ရမယ့်အထဲမှာအဲဒါတွေမပါဘူး
     ဂျပန်ရောက်တာနဲ့ပဲ ဂျပန်နဲ့တူအောင်လို့ အစိမ်းစားရတာနဲ့၊ ဆကဲ (sa ke) လေးငြိမ့်ရတာနဲ့ 
     ငါးပါးသီလဆိုတာလဲမေ့၊ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ဗမာဆိုတာတောင်မေ့နေကြပြီ။
     စာကြွင်း။ ။ ဆကဲ (sa ke) ဆိုသည်မှာ မြန်မာလိုဘာသာပြန်လျင် အရက် ဟု ရသည်
                   မည်သည့်အရက်မှန်သမျှကို ဂျပန်လို sa ke ဟုခေါ်ခြင်းဖြစ်သည်။
     TV အစီအစဉ်တွေမှာလည်း အစားအသောက်ပိုင်းက အများသား။
     ပင်လယ်ထဲသွားပြီး ငါးပေါက်စလေးတွေဖမ်း၊ အရှင်လတ်လတ်ကိုထမင်းနဲ့စားတာတွေ ရိုက်ပြရတာနဲ့၊
     ငါးတွေ ကိုယ်တိုင်ကိုယ်ကျဖမ်းပြီး ပျော်မွေ့နေရတာနဲ့ ပါဏာတိပါတာဆိုတာကိုသိဖို့ဆိုတာဝေးရောပေါ့
 ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေရဲ့နောက်ကွယ်မှာစိတ်ပိုင်းဆိုင်ရာဆုတ်ယုတ်မှုဟာတဖြည်းဖြည်းမြင့်မားလာတတ်ပါတယ်
26 February, 2011
MADE IN DREAM ဆိုပဲ
  "အို.....လှလိုက်တဲ့ရထားကြီး၊ နည်းပညာတွေကလည်း အံ့မခန်းပါပဲလား"
     တွံတေးတူးမြောင်းအဝမှာမြှုံးထောင်နေတုန်းပိုးထိပြီးအစိမ်းသေဘဝနဲ့ရောက်လာတဲ့ရွှေတိုးတစ်ယောက် ဘူတာရုံမှာကပ်ထားတဲ့ poster ကိုကြည့်ပြီးတစိမ့်စိမ့်နဲ့ကြည်ညိုမှူဒီဂရီတွေတက်နေတာ ခေါ်လို့မကြား အော်လို့မကြား နားကျောက်ကိုပြေးကန်လိုက်တော့မှပဲသတိဝင်သွားတော့တယ်
     "နာလိုက်တာ တာတေကြီးရာ အရမ်းအရမ်းမလုပ်ပါနဲ့ဗျ"
     "ဟကောင်ရ ! ငါ မင်းကိုခေါ်နေတာကြလှပြီပကောကွာ၊ ဘာလဲ မင်းက ဒီ poster ကိုကြည့်ပြီးဟော့ကိုင်းဒိုးအထိ ရထားလိုက်စီးနေတာလား"
     "ကြည့်ပါဦးဗျာ တာတေကြီးကလဲ ရထားကြီးကဘယ်လောက်ကြွရွနေသလဲလို့ နတ်ရထားကြီးလားအေက်မေ့ရတယ်ဗျာ"
     "သြော် တောမှာမြှုံးထောင်၊ဖားရိုက်နဲ့ကြီးပြင်းလာတာဆိုတော့ ဒါမျိုးတွေမြင်ရင်အမောဖောက်တာမဆန်းပါဘူးလေ"
     "ဟာ ဘိုးတာတေကလဲလုပ်ပြီ နောက်လ ၅ ရက်နေ့ စပြီးထွက်မှာဗျ၊တော်တော်မြန်မယ့်ပုံပဲ"
     "ငါ  internet မှာကြည့်ပြီးပါပြီကွာ မင်း ငါ့ကိုဆရာမလုပ်စမ်းပါနဲ့၊ အဲဒီ poster မှာ မင်းဘားတွေ့သလဲ?"
     "တာတေကြီး !!! ရထားအသစ်ကိုကြေငြာနေတာ ရထားပုံတွေ့တာပေါ့ဗျ။ ဆေးသောက်ပြီးပြီလား??
     "ကဲ ငရွှေတိုး ဒီညအထုပ်ပြင်၊ မနက်ဖြန်ပြန်တော့"
     "ဟာ ဘာဖြစ်ရပြန်တာတုန်း"
     "မင်း ရန်ကုန်မှာ အင်္ဂလိပ်စာပြန်သင်ရမယ်လေ"
     "မနောက်ပါနဲ့ဗျာ"
     "ဟေ့ကောင် ရွှေတိုး၊ ဒီမှာကြည့် မင်းအဘတွေက "MADE IN DREAM" လို့ရေးထားတာလေ"
    "တာတေကြီးကလဲဗျာ အဲဒါ ဘာဖြစ်လို့တုန်း သူတို့အိပ်မက်နဲ့အကောင်အထည်ဖော်ထားတာလေ"
    "ငါပြောချင်တာ MADE IN DREAM လို့ရေးထားတာကိုကမှားနေတာကွ၊ မင်းဆိုလိုတာလဲငါသိတယ်၊    
     သူတို့ပြောချင်တဲ့အဓိပ္ပါယ်ကိုလည်းငါသဘောပေါက်တယ်၊အိပ်မက်တွေနဲ့ထုစစ်ထားတယ်ပေါ့ကွာ၊ ထားပါတော့။
    MADE IN DREAM လို့သုံးထားတာမှားနေတယ်ကွ၊ ၂၁ ရာစုရဲ့အိပ်မက်တွေကိုကျော်လွန်ပြီးအမြန်နှုန်းကို
ပုံဖော်လိုက်တယ်ဆိုပြီးတော့လည်းကွန့်ထားသေးတာကိုး။
    အဆိုးရွားဆုံးအနေနဲ့သုံးချင်ရင်တောင်မှ MADE OF DREAM လို့သုံးမယ်ဆိုရင်ဖြစ်သေးတယ်ကွာ"
    "လုပ်ပါဦး၊ ကျွန်တော်အဲဒါလုံးဝမသိဘူး"
    "အေး၊ ဒီအတိုင်းဖတ်လိုက်ရင်တော့ မှန်သယောင်ယောင်ပေါ့၊
     တကယ်တော့ made in ရဲ့နောက်မှာ noun လိုက်တာတော့မှန်တယ်၊ ရှိရှိသမျှ noun တွေအကုန်မလိုက်ဘူး၊ ဆိုလိုချင်တာက made in ဟာ ထုတ်ကုန်အတွက်သုံးတာဖြစ်ပေမယ့် သူနောက်မှာကုန်ပစ္စည်းကိုထုတ်လုပ်တဲ့နိုင်ငံပဲလိုက်တယ်။ countable, uncountable ဇယားတွေပေါ့ကွာ။
     "ဒါဆိုဘယ်လိုသုံးရမလဲ တာတေကြီးရဲ့ လုပ်ပါဦး"
     "ငါ တတ်သလောက်မှတ်သလောက်ဆရာလုပ်ရရင်တော့ MADE IN DREAMLAND ပေါ့ကွာ၊ အဲဒီမှာ A ထည့်ချင်ရင်လည်း MADE IN A DREAMLAND ပေါ့၊ ငါလည်းဘုန်းကြီးကျောင်းထွက်ဆိုတော့သိလွန်းလို့တော့မဟုတ်ပါဘူး ရွှေတိုးလေးရာ၊
     မင်းကရထားကြီးကိုကြည့်ပြီးချီးမွမ်းခန်းတွေဖွင့်၊ ငါကစကားလုံးအသုံးအနှုန်းမှားတာကိုထောက်နေတာ
တွေကြည့်ပြီး တိရစ္ဆာန်ရုံက ဒေါင်းတွေ က,တာကိုသွားပြီးသတိရမိတယ် ၊ က,ဒေါင်းကိုဆိုလိုတာပါကွာ"
     "ပြောပါဦးဗျာ"
     "က,ဒေါင်း ဟာ သူကနေတဲ့အချိန် ရှေ့ကကြည့်ရင်အရမ်းလှတယ်ကွာ၊ အဲ နောက်ကနေကြည့်လည်း
ကြည့်ရော ဖင်ကပြောင်လို့၊ ဟောင်းလောင်းကြီး၊ MADE IN DREAM ပေါ့ကွာ
     ဂျပန်နိုင်ငံဟာတိုးတက်တယ်ဆိုပေမယ့် ကမ္ဘာမှာနံပါတ် ( ၁ ) မဖြစ်တာက သူတို့ရဲ့အတွေးအခေါ်ရယ် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကိုမကြိုးစားတာတွေလည်းပါတာပေါ့ကွာ
     ငါတို့ ဗမာတွေတော်တော်များများကိုတော့ အင်္ဂလိပ်စကားမှာ သူတို့မယှဉ်နိုင်သေးပါဘူး"
     "ဪ ဒါ့ကြောင့် တာတေကြီးဖြစ်နေတာကိုး"
07 February, 2011
ဂျပန်နိုင်ငံမှ အပုပ်နံ့များ
လတ်တလောမှာ ဂျပန်မှာ အရမ်းကိုအနံ့ထွက်နေတဲ့သတင်းတစ်ခုပါပဲ။
လွန်ခဲ့တဲ့ ၁၀နှစ်၊ အနှစ် ၂၀၊  အနှစ် ၃၀ ကတည်းကကြံစည်မှုဟာ အထလည်းမြောက်ခဲ့သလို၊
အခုအချိန်မှာ ဘူးပေါ်သလိုပေါ်ခဲ့ပါပြီ။
အဓိက,ကတော့ ငွေပေါ့။ လူကို ဒုက္ခပေးတာ ငွေ၊ ဘဝပျက်စေတာ ငွေပါပဲ။
ပြဿနာက ( Nen Kin ) ဆိုတဲ့  National Pension "အငြိမ်းစားလစာ" တနည်းအားဖြင့် "ပင်စင်လစာ" ကနေ စ,တက်တဲ့ပြဿနာပါပဲ။
Nen Kin အကြောင်းကိုနည်းနည်းလျှာရှည်ရမယ်ဆိုရင်တော့
    National Pension "အငြိမ်းစားလစာ" လို့ရေးလိုက်တော့ ရှင်တို့က ဒါကိုအစိုးရကထောက်ပံ့တယ်လို့ယူဆကြလိမ့်မယ်။
    မှားမယ်နော်။
    အစိုးရဝန်ထမ်းပဲဖြစ်ဖြစ်၊ သာမန်အလုပ်သမားပဲဖြစ်ဖြစ်၊  အသက် ၂၀ ကနေ အသက် ၆၀ လောက်အထိ
    ကိုယ်ရှာလို့ရတဲ့ဝင်ငွေထဲကနေ လစဉ်အရစ်ကျပေးသွင်းငွေစုသွားရပါတယ်။
    အသက် ၆၀ ဝန်းကျင်မှာ အလုပ်တွေကိုလုံးဝနားပြီးတဲ့အချိန်ကစလို့ အဲဒီငွေတွေကို လစဉ်ပြန်ထုတ်ယူရုံပါပဲ။ 
    ( ဂျပန်မှာ အသက် ၆၂ နှစ်အထိ အလုပ်လုပ်ခွင့်ရှိပါတယ် )
    ရှင်တို့ကတော့ သိပ်ကိုသဘောခွေ့နေကြမှာပဲ။ သိပ်ကိုကောင်းတဲ့ system ပေါ့။
    အိုစာမင်းစာ မပူရတော့ဘူးပေါ့။
    ဒါကြောင့် ဂျပန်ဟာတိုးတက်နေတာကိုးဆိုပြီးမဆိုင်တာတွေဆွဲထည့်ပြီး ချီးကျူးနေကြမယ်။
    အဲဒီအသက်အရွယ်မတိုင်ခင် သေသွားခဲ့ရင်...???? ဆိုတာကို ဂျပန်တွေအရင်တုန်းကမတွေးခဲ့ဘူး
    ဆိုတာက အသက်ရှည်တာကတစ်ကြောင်း၊ အားလုံးအတူတူလုပ်ကြတယ်ဆိုတော့လည်း
    " အားလုံး လုပ်ကြဟေ့ လုပ်ကြဟေ့ " ဆိုတာကတစ်ကြောင်းပေါ့။
    နောက်ပိုင်းလူတွေကတော့ ဘယ်အချိန်သေမယ်မသိတာနဲ့၊ စုဆောင်းထားသမျှမသုံးလိုက်ရပဲ နိုင်ငံ့ဘဏ္ဍာငွေဖြစ်သွားမှာကို
    တွေးပြီး Nen Kin ( National Pension ) ကို စုဆောင်းတဲ့လူငယ်တွေနည်းနည်းလားပါတယ်။
ပြဿနာကိုပြန်လှည့်ရမယ်ဆိုရင်တော
   Nen Kin ( National Pension ) ကို လစဉ်ပြန်ထုတ်ယူနေတဲ့ အဖိုး ( သို့ ) အဖွားလည်းသေရော    
   အိမ်မှာရှိတဲ့မိသားစုဝင်တွေကဘယ်သူ့ကိုမှအသိမပေး၊ ဘယ်သူမှမရိပ်မိအောင် အိမ်မှာပဲတိုးတိုးတိတ်တိတ် ဖွက်ထားကြပြီး
   သေဆုံးသူရဲ့ ပင်စင်ငွေကို ကိုယ်စားထုတ်ယူကြပါတော့တယ်။
   နောက်ဆုံး ဘယ်လိုမှမဖုံးနိုင်မဖိနိုင် အနံ့တွေ လှိုင်နေအောင်ထွက်လာတော့မှပဲ ဒီလိုအမှုတွေရှိပါလားဆိုတာသိလိုက်ရတယ်။
   ဂျပန်မှာက တစ်အိမ်နဲ့တစ်အိမ်ဒွေးရောယှက်တင်မရှိကြတော့ ဘေးအိမ်မှာဘာဖြစ်နေတယ်ဆိုတာ
   တော်ရုံတန်ရုံမသိနိုင်ကြပါဘူး။
   နယ်ဘက်တွေမှာအဖြစ်များပါတယ်။
   ရှင်တို့ပြောပြောနေတဲ့ အရမ်းတိုးတက်နေတဲ့ဂျပန်မှာ အဲဒီလိုဥာဏ်ကြီးရှင်တွေရှိတယ်ဆိုတာမမေ့ကြဖို့
   မကျွတ်သေးတဲ့သူတွေကမှာကြားလိုက်ပါတယ်။
     စဉ်းစားဆင်ခြင်အား နည်းပါးမှု
     ဘာသာရေးအသိဥာဏ် ခေါင်းပါးမှု 
     မတော်လောဘတက်မှု စသည်တို့ကို အခြေခံထားသောသူများနေထိုင်သည့်ဂျပန်နိုင်ငံမှ
     Nen Kin ( National Pension ) နဲ့ပါတ်သက်ပြီး အသေးစိတ်ကိုအောက်မှာ ( သို့  ) Wikipedia မှာဖတ်ကြည့်နိုင်ပါတယ်။
     ( အဲဒီကနေပဲ copy ကူးပါတယ် )
National Pension (Japan)
   In 1942 the Workers Pension Insurance Act was enacted, and in 1944 the name was changed to Employees’ Pension Insurance Act. It was amended substantially in 1954, and in 1961 the National Pension Act created universal pension coverage for residents of Japan.
Category 1 – All registered residents of Japan who are aged between age 20 or under age 60, but do not fit into either category 2 or 3. People in this category should go to the National Pension counter at their local municipal office.
Category 2 – Workers who are enrolled in Employees Pension Employment System or Mutual Aid association by their employer. Pension contributions are deduced from the workers’ salary by the employer.
Category 3 – People aged between 20 to 60 years old who are dependent on category 2 people. Category 3 members are not required to pay contributions, their cost is paid by the person they are dependent on.
Monthly Contributions
The monthly contribution amount for the national pension from April 2010 to March 2011 is ¥15,000. Contribution for each month must be paid by the end of the following month. Contributions can be paid at banks, post offices, or convenience stores, as well as by bank transfer or online.
Pension benefits offered by the national pension system
  • Old age basic pension
Pension benefits are paid from age 65 to persons who satisfy certain conditions, such as having paid their national pension contributions for 25 years or more. The benefit amount per year, as of Financial Year 2010, for members who paid contributions for 40 years is ¥792,100.
  • Disability basic pension
Members can receive the disability basic basic pension if they experience sickness or injury resulting in a grade 1 or grade 2 disability during the time they are covered by the national pension. As of Financial Year 2010, the annual amount for grade 1 is ¥990,100 and the annual amount for grade 2 is ¥792,100.
  • Survivors basic pension
The survivors basic pension is provided to family members (spouses who care for children, or dependent children themselves) of national pension members who pass away. The benefit amount is ¥1,020,000 (as of financial year 2010, for a wife with one child). For naturalized citizens of Japan, the period of time between April 1, 1964 and the day prior to them become citizens in which they lived overseas will be included in the 25 year qualifying period for the old age basic pension. However, this time will not be used in calculating the benefit they will receive.
Both the disability basic pension and the survivors basic pension have set contribution payment requirements. Such benefits can’t be received unless these requirements are met.
မမြရွှေ