Pages

25 May, 2011

နွေရာသီလက်ကမြင်းပွဲ


ချယ်ရီပန်းတွေလည်းကြွေသွားပြီ.....
ရာသီဥတုလည်းပွင့်လင်းလာပြီး နွေရာသီသို့ရောက်ရှိလာပါပြီ.....
ဆောင်းရာသီ နှင့် ဆောင်းဦးရာသီကုန်ဆုံးသွားသည့်အတွက် နေ့အပူချိန်က တဖြည်းဖြည်းမြင့်တက်လို့လာပါတော့သည်။

ရာသီဥတုပွင့်လင်းလာသည်နှင့်အမျှ ဆောင်းတွင်းဝတ်ကုတ်အင်္ကျီများခွါကြ၍ အတိုအထွာ၊ အဖော်အချွတ်၊ အပါးအလျလေးတွေထွက်ပေါ်လာပြီးသကာလ.......

ဆောင်းရာသီ နှင့် ဆောင်းဦးရာသီအစအဆုံးမှာ  အဝတ်အစားထူထူထဲထဲတွေပဲမြင်လာရတော့ အပါးအလျ၊ အတိုအထွာလေးတွေကိုမြင်ရတဲ့အချိန်မှာ..

အမြဲတမ်းဖြစ်နေကျ အမှုတွေ စတင်လို့လာပါပြီ။

အမျိုးသမီးများကို မဖွယ်မရာပြုမှု။

ရုံးတက်ရုံးဆင်း ရထားကြပ်တာကိုအခွင့်ကောင်းယူပြီး အမျိုးသမီးတွေရဲ့ ရင်သား၊ တင်ပါး ပေါင် စသည်တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်းဖြစ်သည်။

Groping လုပ်ခြင်းပင်၊ ဂျပန်လိုတော့ Chi Kan ( ချိ ကန်း ) ဟုခေါ်ပါသည်။

ဂျပန်မှာ ဒီလိုမဖွယ်မရာပြုမှုကို နိုင်ငံခြားသားတွေကလုပ်ကြတယ်လို့ယူဆမိကြမယ်၊
ဘာဖြစ်လို့လဲဆိုတော့ ဂျပန်ဟာတိုးတက်တယ်၊ ဂျပန်တွေဟာစည်းကမ်းရှိကြတယ်၊ နိုင်ငံကြီးသားပီသကြတယ်ဆိုပြီးပြောတတ်ကြတဲ့ ခင်ဗျားတို့ရဲ့စကားပေါ့။

ဒီလိုမဖွယ်မရာပြုမှုကိုလုပ်ဆောင်နေကြတာဟာ ဂျပန်တွေပါပဲ။
ဝတ်စားထားသည်မှာသပ်သပ်ရပ်ရပ် suit နဲ့၊ ကုမ္ပဏီဝန်ထမ်း၊ ကုမ္ပဏီအရာရှိ အလွှာမျိုးစုံပါဝင်ပါသည်။
ဘယ်လိုမှထင်ရက်စရာမရှိပါ။

လူ့စိတ်ဆိုတာကခက်သားလား
မသိအောင်လုပ်လိုက်ရမှ ( တနည်းအားဖြင့် ခိုးပြီးလုပ်လိုက်ရမှ ) ကြိတ်ပြီးကြည်နူးတတ်တဲ့သူတွေကလည်းရှိသည်။

ပွင့်ပွင့်လင်းလင်းပြောရရင်လွတ်လပ်နေတာပဲ၊ ဝယ်စားလို့ရတယ်လေ။
ဖုန်းဆက်လိုက်မလား၊ website ကနေ booking လုပ်မလား၊ လုပ်စားတဲ့နေရာကိုတိုက်ရိုက်သွားလို့လည်းရတယ်။

ဒါပေမဲ့.....သူတို့မှာ အိပ်ကပ်ထဲကပိုက်ဆံထွက်ဖို့ကိုလည်းသေမလောက်ကြောက်တဲ့ရောဂါကရှိသေးတယ်။
လူမိသွားလို့ တောင်းပန်ရုံနဲ့ပဲပြီးသွားရင် တန်တယ်လေ။
" ဘာပဲဖြစ်ဖြစ် သင့်အပြစ် " ဆိုသလို ဖင်ကုန်းပြီးတောင်းပန်တော့တာပါပဲ။ တောင်းပန်လွန်းလို့ အရမ်းအားနာတတ်တဲ့သူနဲ့တွေ့တော့လည်း
လျော်ကြေးမပေးရတော့ဘူးပေါ့။
အလျော်တောင်းခံရရင်တော့ ဒီတစ်ခေါက်တွက်ခြေမကိုက်ဖူးပေါ့။

ရထားတွေမှာလည်း အမျိုးသမီးသီးသန့်တွဲတစ်တွဲ ပေးထားရတာကိုကြည့်ခြင်းအားဖြင့် ဘယ်လောက်သောင်းကျန်းသလဲဆိုတာသိနိုင်ပါတယ်


Wikipedia မှာလည်းကြည့်နိုင်ပါတယ်။

နိုင်ငံခြားသားတွေကကော ဘယ်လိုလဲ???
ဒီအမှုမျိုးကရှိပါတယ် ရှားတယ်၊ နောက်တစ်ခုက နိုင်ငံခြားသားတွေနဲ့ကျတော့ အဖြစ်ကပြောင်းပြန်။
တချို့သောဂျပန်အမျိုးသမီး၊ ဂျပန်ကျောင်းသူတွေကို သတိထားနေရတယ်။
အမျိုးသမီးတွေက ဂွင်ဆင်ပြီးငွေညှစ်ကြသည်။ တကယ်မလုပ်သော်လည်း လက်ကိုဖမ်းဆွဲပြီး "ကျွန်မကိုမဖွယ်မရာပြုပါတယ်" ဆိုပြီး အော်တတ်ပါတယ်။
ဂျပန်ဆိုတာကလည်း နဂိုကတည်းကမှ နိုင်ငံခြားသားဆိုရင် မျက်စိဒေါက်ထောက်ပြီးကြည့်တတ်တဲ့သူမျိုးဆိုတော့ ပိုဆိုးတာပေါ့။
ပြီးတော့ နိုင်ငံခြားသားတွေမှာ Visa က အသက်ဆိုတော့ ပြဿနာတက်ပြီဆိုရင် အရှုပ်အရှင်းတွေကပိုများလာမယ်လေ။

အထူးသဖြင့် ဂျပန်ကျောင်းသူတွေကို ပိုကြောက်ရပါတယ်။ ပိုက်ဆံလိုလို့လုပ်စားတတ်ကြလို့ပါ။
လျော်ကြေး ယန်း ၂ သောင်း၊ ၃ သောင်းလောက်ရလည်း မနဲဘူးလေ။

ချိကန်း အကြောင်းကို ရွှေမော်ကွန်း မှာလည်းဖတ်ရှုနိုင်ပါတယ်

ဒီ ချိကန်း အကြောင်းနဲ့ပါတ်သက်ပြီး ရိုက်ကူးထားတဲ့ရုပ်ရှင်ကားလည်းရှိပါတယ်
တကယ်မလုပ်ပါပဲ ချိကန်း လို့စွပ်စွဲခံရပြီး ထောင်ကျသွားတဲ့ မဟုတ်မခံစိတ်ရှိသောလူငယ်တစ်ယောက်အကြောင်းရိုက်ကူးထားတာပါ
homepage ကိုလည်းသွားကြည့်နိုင်ပါတယ်   http://www.soreboku.jp/eng/index.html

လုပ်ချင်တာလုပ်ပြီး တောင်းပန်လိုက်တာနဲ့ရရောလား? ခံလိုက်ရတဲ့သူဘက်ကိုရော မစဉ်းစားပေးကြဘူးလား?

မဟုတ်တဲ့သူအတွက်ကရော?

" I Just Didn't Do It " ကို ကြည့်ရန်  mysoju  နဲ့  dramacrazy မှာကြည့်ရှုခံစားနိုင်ပါတယ်

14 May, 2011

မြင့်မြတ်သောစိတ်ဓာတ်များအကြောင်း

     နိုင်ငံကိုယ်စားပြုဆိုတာဒါမျိုးပါ

     ခိုင်းလို့လုပ်နေတာမဟုတ်ဘူး

     စနေနေ့တိုင်းသန့်ရှင်းရေးမဟုတ်ဘူး

     လက်ပိုက်ပြီးရပ်ကြည့်နေတတ်တဲ့လူမျိုးမဟုတ်ဘူး

     ငွေရှာဖို့တစ်ခုတည်းအတွက်လူဖြစ်လာတာမဟုတ်ဘူး

     ဒီလိုလူတွေရှိနေတာကိုက ဂုဏ်ယူလို့မဆုံးနိုင်ပါဘူး