Pages
21 April, 2011
ဂျပန်တို့ ဒီတောင်ကိုကျော်နိုင်ပါ့မလား ( ၂ )
21-04-2001 မနေ့ကစ၍ Fukushima Daiichi အဏုမြူဓာတ်အားပေးစက်ရုံမှ ကီလိုမီတာ ၂၀ အတွင်းကို
သာမန်အရပ်သူ/သားများ မဝင်ရောက်ရနယ်မြေအဖြစ်သတ်မှတ်လိုက်ကြောင်း
အဆိုပါတားမြစ်နယ်မြေအတွင်းကို ခွင့်ပြုချက်မရရှိပဲဝင်ရောက်မယ်ဆိုရင် အပြစ်ပေးမှာဖြစ်တဲ့အကြောင်း
ဂျပန်ဝန်ကြီးချုပ် Naoto Kan ကပြောကြားသွားပါတယ်
အဆိုပါအရပ်ကို စွန့်ခွာ၍ထွက်ပြေးလာသောဒုက္ခသည်တွေကတော့ ကီလိုမီတာ ၂၀ အတွင်းမှာရှိတဲ့
ကိုယ့်အိမ်ကိုယ့်ယာကိုပြန်ဝင်မယ်ဆိုရင် ၂နာရီကြာသည်အထိသာအချိန်ပေးမှာဖြစ်ကြောင်း၊
ပြန်ထွက်လာရင်လည်းရေဒီယိုသတ္တိကြွမူကို စစ်ဆေးမှာဖြစ်တဲ့အကြောင်း
အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်သူ Yukio Edano က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားပါတယ်။
အသေးစိတ်ကိုတော့ THE DAILY YOMIURI မှာဖတ်ရှုနိုင်ပါတယ်
မနေ့ညက TV သတင်းမှာလည်းထုတ်လွှင့်ပြသသွားပါတယ်
16 April, 2011
11 April, 2011
02 April, 2011
မြင့်မြတ်စွာသေဆုံးသွားသူတစ်ယောက်အကြောင်း
အမည် : Miki ( မိကီ )
အသက် : ၂၅ နှစ်
အလုပ်အကိုင် : သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်စီမန်ခန့်ခွဲရေးဝန်ထမ်း
Miyagi ခရိုင် Minami sanriku မြို့
" ၆ မီတာအမြင့်ရှိသော ဆူနာမီလှိုင်းလုံးများလာနေပါတယ် ဘေးကင်းရာကိုပြေးကြပါ "
ဟူသော သတိပေးကြေငြာချက်ကို နောက်ဆုံး ဆူနာမီနဲ့မျောပါသွားတဲ့အချိန်အထိ
အရေးပေါ်ကြိုးမဲ့အသံလွှင့်စက်ဖြင့်အဆက်မပြတ်လှုံ့ဆော်ခဲ့သူ
ငလျင်လှုပ်အပြီး ဆူနာမီအရေးပေါ်သတင်းကိုသိရချိန် မြို့နေလူထုအားလုံးကို တောင်ကုန်းပေါ်ရှိ
အထက်တန်းကျောင်းသို့အမြန်ဆုံးရှောင်ပြေးကြရန်သတိပေးခဲ့ပါတယ်။
ဆူနာမီကနေလွတ်မြောက်လာတဲ့မြို့ခံတွေပြောပြချက်အရ ငလျင်လှုပ်ပြီး နာရီဝက်အကြာမှာ
၁၀ မီတာလောက်မြင့်တဲ့လှိုင်းလုံးတွေဝင်ရောက်လာပါတယ် လို့ဆိုပါတယ်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်စီမန်ခန့်ခွဲရေးအဆောက်အဦးကနေ
လွတ်မြောက်လာသူ ၁၀ ရောက်ခန့်ရှိပေမယ့်အဲဒီအထဲမှာတော့ မိကီ ပါမလာခဲ့ပါဘူး။
အသက်ရှင်ကျန်နေခဲ့သူဝန်ထမ်းတွေထဲကတစ်ယောက်ကတော့ မိကီဟာရေထဲမျောပါသွားတာကို
တွေ့လိုက်တယ်ဟုပြောပါတယ်။
" သမီးလေးက နောက်ဆုံးအချိန်အထိ အားလုံးကို အဆက်မပြတ်လှုံ့ဆော်သတိပေးသွားတယ်
လို့ထင်ပါတယ် "ဟု သူမ၏မိခင်ဖြစ်သူဟာ ထိန်းမနိုင်သိမ်းမရစီးဆင်းနေတဲ့မျက်ရည်စတွေနဲ့
ပြောပြသွားပါတယ်။
![]() |
Miyagi ခရိုင် Minami sanriku မြို့ |
![]() | ||
မိကီတစ်ယောက်နောက်ဆုံးအချိန်ထိအရေးပေါ်ကြိုးမဲ့အသံလွှင့်စက်ဖြင့်အဆက်မပြတ်လှုံ့ဆော်ခဲ့သော သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်စီမန်ခန့်ခွဲရေးအဆောက်အဦး ( ညာ ) မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့်ပါတ်သက်၍ NHK တွင်ထုတ်လွှင့်ပြသသွားသည်ကိုလည်းကြည့်ရှူခဲ့ရပါသည်။ ၄င်းရက်များက သူမ၏အသံပါရှိသော ဆူနာမီဝင်ရောက်နေသည့် video file ကို youtube နှင့် blog အများအပြားတွင် တွေ့ရှိခဲ့သော်လည်း ဒီအကြောင်းကိုရေးတဲ့အချိန် ပြန်ရှာကြည့်တော့ user ကိုယ်တိုင်ပြန်ဖျက်လိုက်ပါတယ် ဆိုတဲ့တဲ့စာသားကိုသာတွေ့မြင်ရပါတယ် မိမိ၏အသက်ကိုပဓာနမထားပဲ သေဆုံးခါနီးအချိန်အထိ တာဝန်ကိုကျေပွန်စွာထမ်းဆောင်သွားသော မိကီ နှင့် ကွယ်လွန်သူအပေါင်းတို့အား အမျှ..... အမျှ..... အမျှ.....ပေးဝေလျက် ပရလောကသားများ |
ဂျပန်တို့ ဒီတောင်ကိုကျော်နိုင်ပါ့မလား
ယနေ့နံနက် ၉ နာရီခွဲဝန်းကျင် Fukushima Daiichi အဏုမြူဓာတ်အားပေးစက်ရုံရှိ nuclear power plant No. 2 ၏ " Pit Center " ဟုအမည်တွင်သောရေသိုလှောင်ထားရှိရာတွင်းမှ
အက်ကြောင်းပေါ်ထွက်၍အဆိုပါရေသိုလှောင်ထားရှိရာတွင်းမှ ရေဒီယိုသတ္တိကြွမူပမာဏ တစ်နာရီလျှင်ပျမ်းမျှ 1,000 milisieverts အထက်ရှိသောရေများ ပင်လယ်ထဲသို့စိမ့်ထွက်စီးဆင်းနေကြောင်းသိရပါသည်။
အဆိုပါအက်ကြောင်းပေါ်ထွက်ရာနေရာအား ကွန်ကရစ်ရည်များဖြင့်လောင်း၍ပိတ်ထားလိုက်ကြောင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။
Radioactive water leak confirmed-NHK
ယနေ့ငလျင်သတင်း ၂၀၁၁ ခုနှစ် April ၂ ရက်
ညနေ ၄ နာရီ ၅၆ မိနစ်
Ibaraki ခရိုင် ( နိုင်ငံရေးအကျဉ်းထောင်ရှိရာနေရာ )တောင်ဘက်ကိုဗဟိုပြု၍
Ibaraki ခရိုင် ( နိုင်ငံရေးအကျဉ်းထောင်ရှိရာနေရာ )တောင်ဘက်ကိုဗဟိုပြု၍
ပြင်းအား ၅ ရှိသောငလျင်လှုပ်ခတ်သွားပါသည်
Tokyo, Tochigi, Fukushima, Kanagawa ခရိုင်များမှာ ပြင်းအား ၃ နဲ့လှုပ်ခတ်သွားသဖြင့်
" ငလျင်ကမပြီးသေးဘူးလား" ဆိုတဲ့အတွေးမျိုးပြန်ထွက်လာပါတယ်
Subscribe to:
Posts (Atom)