March 17 08:52 am ဂျပန်နိုင်ငံမှ တရားဝင်သတင်းထုတ်ပြန်ကြေငြာချက်
March လ ၁၁ ရက်နေ့မွန်းလွဲ ၂ နာရီ ၄၆ မိနစ်ခန့်တွင်ဖြစ်ပွါးခဲ့သောငလျင်နှင့်ဆူနာမီဒဏ်ကိုစတင်ခံစာ
သေဆုံးသူဦးရေ ၄၃၁၄၊
ပျောက်ဆုံးသူဦးရေ ၈၆၀၆ အထိ မြင့်တက်ခဲ့ပြီး၊
အိမ်ခြေပျက်စီးမှု
Fukushima ခရိုင်တွင် အိမ်ခြေပေါင်း ၂၄၁၃ အိမ်၊
အခြား ခရိုင် ၉ ခုတွင် အိမ်ခြေပေါင်း ၃၅၆၂ အိမ်ကျော်အထိရှိခဲ့ပါသည်။
လမ်းမများပျက်စီးမှု
Ibaraki ခရိုင် ( နိုင်ငံရေးအကျဉ်းထောင်ရှိရာနေရာ ) တွင် ၃၀၇ နေရာ၊
Tochigi ခရိုင်တွင် ၂၄၁ နေရာ၊
Chiba ခရိုင်တွင် ၂၇၈ နေရာ၊
Saitama ခရိုင်တွင် ၁၅၅ နေရာအထိ ရှိခဲ့ပါသည်။
ငလျင်နှင့်ဆူနာမီဒုက္ခသည်အရေအတွ
ခရိုင် ၈ ခုတွင် ၃၈၆,၀၀၀ ယောက်၊
Iwate ခရိုင်တွင် ၅၁,၅၅၃ ယောက်၊
Aomori ခရိုင်တွင် ၃၆၇ ယောက်၊
Fukushima ခရိုင်တွင် ၁၃၁,၆၆၅ ယောက်၊
Tochigi ခရိုင်တွင် ၈၉၆ ယောက်၊
Miyagi ခရိုင်တွင် ၁၉၁,၄၄၂ ယောက်၊
Ibaraki ခရိုင်တွင် ၇,၉၂၀ ယောက်၊
Niigata ခရိုင်တွင်၂၅၃ ယောက် ( Fukushima ခရိုင်မှ ထွက်ပြေးလာသူ )၊
Yamagata ခရိုင်တွင် ၁,၈၈၀ ယောက် ( Fukishima နှင့် Miyagi ခရိုင်မှ ထွက်ပြေးလာသူ ) အထိ ရှိခဲ့ပါသည်။
ပြည်တွင်းစားနပ်ရိက္ခာနှင့်ပါတ်
ဆန် - လုံလောက်စွာရှိပါသည်။ ငလျင်နှင့်ဆူနာမီကျရောက်ရာနေရာ
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြော
ရေ - လုံလောက်စွာရှိပါသည်။ ငလျင်နှင့်ဆူနာမီကျရောက်ရာနေရာ
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြော
ဆန် နှင့် သောက်ရေသန့် ဝယ်ယူ၍မရတော့ပါဟူသောပြဿနာမှာ မြို့နေလူထု၏စိုးရိမ်ပူပန်စြွာ
အရေအတွက်များပြားစွာဝယ်ယူထာြး
အကြောင်းအရင်
ပေါင်မုန့် - မုန့်ဖုတ်သည့်စက်ရုံများ ငလျင်ဒဏ်ခံရပြီး ထုတ်လုပ်သည့်ပမာဏလျော့ ကျသွားသည်မှလွဲ၍
ပြဿနာကြီးကြီးမားမားမပေါ်ပေါက်ပါ
ပုံမှန်အနေအထားဖြင့် ဝယ်ယူနိုင်ရန် ကြိုးစားဆောင်ရွက်နေပါသည်။
ရာသီဥတုအခြေအနေ
နွေဦးရာသီရောက်နေပြီဖြစ်သော်လည်း ငလျင်နှင့်ဆူနာမီအဓီကကျရောက်ရာ Iwate နှင့် Miyagi တို့တွင်
နှင်းများကျရောက်နေပါသည်။ Tokyo မြို့မှာလည်းနေ့အပူချိန် ၆ ဒီဂရီစင်တီဂရိတ်သာရှိပြီး လာမည့် သောကြာနေ့ ( သို့ ) စနေနေ့လောက်အထိ ဆက်လက်ပြီးအေးဦးမည်ဟုဆိုပါသည်။
Fukushima အဏုမြူဓာတ်အားပေးစက်ရုံ ရေဒီယိုသတ္တိကြွမှု
Tuesday, 3/15
တိုကျိုမြို့ နံနက် ၁၁ နာရီတွင် ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် က Fukushima စက်ရုံမှ နျူကလီးယား ဓာတ်ရောင်ခြည်တွေ အမြင့်ဆုံးအဆင့် ရောက်သွားပြီး အဲဒီနေရာနဲ့ ကီလိုမီတာ ၃၀ ပတ်လည်ရှိ လူတွေ အိမ်တံခါး ပိတ်နေကြဖို့ ကြေငြာလိုက်သည်။
Fukushima စက်ရုံမှ ဓာတ်ပေါင်းဖို အမှတ် (၂) အင်္ဂါနေ့ မနက် စောစောပိုင်းတွင် ပေါက်ကွဲခဲ့သည်။ သောကြာနေ့ နေလည် ငလျင်နဲ့ ဆူနာမီ ပြီးကတည်း လေးကြိမ်မြောက် ပေါက်ကွဲခြင်းဖြစ်သည်။
စွန့်စား လုပ်ဆောင်ခဲ့တဲ့ အလုပ်သမားတွေက အမှတ် (၂) ဓာတ်ပေါင်းဖိုကို ရေဒီယိုဓာတ်တွေ ယိုစိမ့်ပြန့်နှံ့မှု မဖြစ်အောင် ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု လျှော့ချပေးနိုင်ပေမဲ့၊ ဒီနေ့မနက် ( 3/16 ) ၆ နာရီမှာ အမှတ် (၄) ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး မီးလုံးကြီးတွေ တက်လာသည်။ အမှတ် (၄) ဓာတ်ပေါင်းဖို မီးစလောင်နေပြီလို့ ၀န်ကြီးချုပ်က ကြေငြာလိုက်သည်။ အမှတ် (၃) ဓာတ်ပေါင်းဖိုလည်း ရေဒီယို ဓာတ်ရောင်ခြည် မြင့်တက်ပြီး ပေါက်ကွဲဖို့ ဆိုင်းပြင်းနေပြီဟုသိရသော်လည်း ယခုအချိန်အထိအခြေအနေမထူးခြားသေးပါ။
ယနေ့ နံနက် ( 3/17 ) ဂျပန်စံတော်ချိန် ၉ နာရီထုတ်ပြန်ချက်အရ
ဓာတ်ပေါင်းဖို နံပါတ် 1,2,3 မှာပိတ်ထားသည်။
ဓာတ်ပေါင်းဖို နံပါတ် 4,5,6 မှာလည်းပိတ်ထားပြီးစစ်ဆေးနေဆဲဖြစ်သည်။
အဆိုပါရေဒီယိုသတ္တိကြွမှု နှင့်ပါတ်သက်၍တိုင်းတာချက်များအရ
Fukushima မြို့မှာ 5 microsievert per hour, about 100 times higher than usual
Kanagawa ခရိုင်မှာ 10 times higher than usual
Saitama ခရိုင်မှာ 1,222 nanosievert per hour, about 40 times higher than usual
Tochigi ခရိုင်မှာ 1.318 microsievert per hour, 33 times bigger than usual
Tokyo မှာတော့ ပြောပလောက်တဲ့အနေအထားမရှိဘူးလို့ဆိုပါတယ်။
1 microsievert = 0.0001 REM
"သတင်းကို အမှန်အတိုင်းကြေငြာတယ်၊ TV မှာအမှန်အတိုင်း ပြသတယ်၊
ဝန်ကြီးချုပ်ကိုယ်တိုင် လူရှေ့သူရှေ့ ထွက်ပြောတယ်၊
ဒီလို လိမ်ညာမှုမရှိပဲ အချိန်နှင့်အမျှ အမှန်အတိုင်းဖော်ပြပေးနေတဲ့အစိုးရရှိနေလို့
ဒို့ဂျပန်လူမျိုးတွေဟာ အခုအချိန်မှာသေမယ်ဆိုရင်တောင်သေပျော်ပါတယ်" ဟု
ဂျပန်လူမျိုးတစ်ယောက်ကဂုဏ်ယူစွာပြောကြားခဲ့သည်ကိုဖော်ပြရင်းနိဂုံးချုပ်လိုက်ပါတယ်။
3/16 ည ၁၀:၃၆
Ibaraki ခရိုင်ကိုဗဟိုပြု၍ငလျင်လှုပ်ပါတယ် ပြင်းအား ၅
( Ibaraki ခရိုင်ဟာ နိုင်ငံရေးအကျဉ်းထောင်ရှိရာနေရာဖြစ်ပါတယ် )
တိုကျိုမှာတော့ ပြင်းအား ၃ နဲ့လှုပ်သွားပါတယ်
၁၀:၅၈ အထိ ငလျင်ငယ်များဆက်လက်ဖြစ်ပွါးပါတယ်
တိုကျိုမှာတော့ ပြင်းအား ၃ နဲ့လှုပ်သွားပါတယ်
၁၀:၅၈ အထိ ငလျင်ငယ်များဆက်လက်ဖြစ်ပွါးပါတယ်
ငလျင်စတင်သည့်နေ့မှ ယနေ့ ၁၆ ရက်နေ့အထိ
Fukushima အဏုမြူလျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်ပေါက်ကွဲမှုများ
မနေ့ကတိုကျိုမြို့ နံနက် ၁၁ နာရီတွင် ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် က Fukushima စက်ရုံမှ နျူကလီးယား ဓာတ်ရောင်ခြည်တွေ အမြင့်ဆုံးအဆင့် ရောက်သွားပြီး အဲဒီနေရာနဲ့ ကီလိုမီတာ ၃၀ ပတ်လည်ရှိ လူတွေ အိမ်တံခါး ပိတ်နေကြဖို့ ကြေငြာလိုက်သည်။
Fukushima စက်ရုံမှ ဓာတ်ပေါင်းဖို အမှတ် (၂) အင်္ဂါနေ့ မနက် စောစောပိုင်းတွင် ပေါက်ကွဲခဲ့သည်။ သောကြာနေ့ နေလည် ငလျင်နဲ့ ဆူနာမီ ပြီးကတည်း လေးကြိမ်မြောက် ပေါက်ကွဲခြင်းဖြစ်သည်။
စွန့်စား လုပ်ဆောင်ခဲ့တဲ့ အလုပ်သမားတွေက အမှတ် (၂) ဓာတ်ပေါင်းဖိုကို ရေဒီယိုဓာတ်တွေ ယိုစိမ့်ပြန့်နှံ့မှု မဖြစ်အောင် ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု လျှော့ချပေးနိုင်ပေမဲ့၊ ဒီနေ့မနက် ( 3/16 ) ၆ နာရီမှာ အမှတ် (၄) ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး မီးလုံးကြီးတွေ တက်လာသည်။ အမှတ် (၄) ဓာတ်ပေါင်းဖို မီးစလောင်နေပြီလို့ ၀န်ကြီးချုပ်က ကြေငြာလိုက်သည်။ အမှတ် (၃) ဓာတ်ပေါင်းဖိုလည်း ရေဒီယို ဓာတ်ရောင်ခြည် မြင့်တက်ပြီး ပေါက်ကွဲဖို့ ဆိုင်းပြင်းနေပြီ။
မှတ်ချက်။ ။ ဤရေဒီယိုသတ္တိကြွမှုနှင့်ပါတ်သက်၍ Fukushima ကနေ အနောက်လေ ( သို့ )
အနောက်တောင်လေတိုက်ပြီဆိုရင်တော့တိုကျိုမြို့လည်းအကြောင်းမလှတော့ဘူးလို့ဆိုပါတယ်။
အခုအချိန်အထိကတော့ Fukushima မှာအရှေ့လေပဲတိုက်နေတာမို့ လေကြောင်းကပင်လယ်ဘက်ကိုပဲဦးတည်
နေပါတယ်။
တိုကျိုမြို့မှာ ရေဒီယိုသတ္တိကြွမှုကိုတိုင်းတာနေေ ပမဲ့ အခုအထိတော့ထိုးခြားမှုတစုံတရာမေ တွ့ရသေးပါဘူး။
နေပါတယ်။
တိုကျိုမြို့မှာ ရေဒီယိုသတ္တိကြွမှုကိုတိုင်းတာနေေ
3/16 နေ့လည် ၁၂:၃၂
Chiba ခရိုင်အရှေ့မြောက်ပိုင်း
ပြင်းအား ၅ ၊ ဆူနာမီအတွက်ပူပန်စရာမရှိပါ
တိုကျို ပြင်းအား ၃
Chiba ဟာ တိုကျိုကနေရိုးရိုးရထားစီးသွားရင်တစ်နာရီသာသာ
ပြင်းအား ၅ ၊ ဆူနာမီအတွက်ပူပန်စရာမရှိပါ
တိုကျို ပြင်းအား ၃
Chiba ဟာ တိုကျိုကနေရိုးရိုးရထားစီးသွားရင်တစ်နာရီသာသာ
3/16
Shizuoka နဲ့ အဆက်အသွယ်ရပြီ
မနေ့ည ၁၀:၃၁ Shizuoka ခရိုင်မှာလှုပ်ခဲ့သောငလျင်နှင့်ပါတ်သက်၍
Shizuoka မှာ မြန်မာအများအပြားရှိနေလို့ မိဘဆွေမျိုးတွေလည်းစိတ်ပူနေမယ်လို့ထင်ပါတယ်
အဆက်အသွယ်ရပါပြီ မြန်မာအများစုရှိတဲ့နေရာက Shizuoka ခရိုင်ရဲ့အလယ်ပိုင်းဖြစ်နေတဲ့အတွက် ပြင်းအား ၄ သာရှိတယ်လို့သိရပါတယ်
TV သတင်းမှာတော့ သေဆုံးသူမရှိ၊ ထိခိုက်ဒဏ်ရာရသူများသာရှိသည်...ဟု သိရပါသည်။

3/15 ည ၁၀:၃၁
Shizuoka ခရိုင်မှာငလျင်လှုပ်တယ် ပြင်းအား ၆ ရှိတယ်
Shizuoka ကိုဖုန်းခေါ်လို့မရသေးပါ
Shizuoka ကိုဖုန်းခေါ်လို့မရသေးပါ
3/15 ည ၁၀:၂၈
ငလျင်ငယ်လှုပ်တယ်
ငလျင်ငယ်လှုပ်တယ်
3/15 နံနက်
Fukushima အဏုမြူလျှပ်စစ်ဓါတ်ပေါင်းဖိုနှစ်လုံးပေါက်ကွဲသွားတဲ့အတွက် နယ်တွေမှာ လျှပ်စစ်ဓာတ်အားကိုအလှည့်ကျ ( ၃နာရီစီ ) ဖြတ်တောက်ပါတယ်။
ဓာတ်အားပေးစက်ရုံရဲ့ 30 km ဝန်းကျင်အထိအန္တရာယ်ရှိနေကြောင်းသထိပေးထားပါတယ်။
ဘူတာရုံတွေမှာရွေ့လျားစက်လှေကားတွေကိုရပ်ထားပါတယ်။
ဓာတ်အားပေးစက်ရုံရဲ့ 30 km ဝန်းကျင်အထိအန္တရာယ်ရှိနေကြောင်းသထိပေးထားပါတယ်။
ဘူတာရုံတွေမှာရွေ့လျားစက်လှေကားတွေကိုရပ်ထားပါတယ်။
ရထားတွေ ရာနှုန်းပြည့်ပြေးဆွဲမှုမရှိသေးပါဘူး။
Super market နဲ့စတိုးဆိုင်တွေမှာတစ်ရှူး၊အိမ်သာသုံစက္ကူ၊ခေါက်ဆွဲခြောက်၊မုန့်တွေမရှိတော့ပါ၊
တစ်လအတွင်းမှာ ပြင်းအား ၇ အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်လှုပ်ဖို့ရှိတယ်လို့သိရတဲ့အတွက်
ကြိုတင်ဝယ်ယူစုဆောင်းထားတဲ့သဘောလည်းပါပါတယ်။ကြိုတင်ပြင်ဆင်ထားကြပါတယ်။
ကုန်ပစ္စည်းတွေပြတ်လတ်သွားတဲ့အတွက် လက်ကျန်ကိုဈေးတင်ရောင်းတာမျိုး၊ လှောင်ထားတာမျိုးမရှိပါဘူး။
အစိုးရက သတင်းကိုအမှန်အတိုင်းကြေငြာတဲ့အတွက် တီဗွီကိုအချိန်ပြည့်ဖွင့်ထားရပါတယ် ငလျင်မလာခင် စက္ကန့်ဝက် (သို့) တစ်မိနစ်အတွင်း တီဗွီမှာ alarm မြည်ပြီး၊
ငလျင်လှုပ်တော့မယ့်နေရာကိုလည်းဖော်ပြပါတယ်။
အဓိကဖြစ်ပွားတဲ့နေရာတွေမှာတော့ ကုန်ကားသမားတွေသာမက၊"ယာကူဇာ"တွေလည်းဝင်ရောက်ကူညီကြတယ်လို့သတင်းရပါတယ်။
ကောလဟာလအလွန်ပေါတဲ့ကျုပ်တို့ဗမာပြည်မှာပြောနေကြသလိုမျိုးဂျပန်နိုင်ငံဟာ ရေအောက်မြုပ်တော့မယ်၊အက်စစ်မိုးတွေရွာလိမ့်မယ်ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။
နူရာဝဲဆွဲ လဲရာသူခိုးထောင်းဆိုသလို ငလျင်ဖြစ်ပွါးတဲနေရာ ခရိုင်တွေမှာမိုးရွာ၊ နှင်းကျနေပြီး တိုကျိုမှာတော့မိုးအုံ့နေပါတယ်။
လာမည့်သောကြာနေ့အထိ ဆက်လက်ပြီး ဆောင်းတွင်းအေးသလိုမျိုးအေးဦးမယ်လို့ဆိုပါတယ်။
3/11 နံနက် ၄:၃၆Super market နဲ့စတိုးဆိုင်တွေမှာတစ်ရှူး၊အိမ်သာသုံစက္ကူ၊ခေါက်ဆွဲခြောက်၊မုန့်တွေမရှိတော့ပါ၊
တစ်လအတွင်းမှာ ပြင်းအား ၇ အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်လှုပ်ဖို့ရှိတယ်လို့သိရတဲ့အတွက်
ကြိုတင်ဝယ်ယူစုဆောင်းထားတဲ့သဘောလည်းပါပါတယ်။ကြိုတင်ပြင်ဆင်ထားကြပါတယ်။
ကုန်ပစ္စည်းတွေပြတ်လတ်သွားတဲ့အတွက် လက်ကျန်ကိုဈေးတင်ရောင်းတာမျိုး၊ လှောင်ထားတာမျိုးမရှိပါဘူး။
အစိုးရက သတင်းကိုအမှန်အတိုင်းကြေငြာတဲ့အတွက် တီဗွီကိုအချိန်ပြည့်ဖွင့်ထားရပါတယ် ငလျင်မလာခင် စက္ကန့်ဝက် (သို့) တစ်မိနစ်အတွင်း တီဗွီမှာ alarm မြည်ပြီး၊
ငလျင်လှုပ်တော့မယ့်နေရာကိုလည်းဖော်ပြပါတယ်။
အဓိကဖြစ်ပွားတဲ့နေရာတွေမှာတော့ ကုန်ကားသမားတွေသာမက၊"ယာကူဇာ"တွေလည်းဝင်ရောက်ကူညီကြတယ်လို့သတင်းရပါတယ်။
ကောလဟာလအလွန်ပေါတဲ့ကျုပ်တို့ဗမာပြည်မှာပြောနေကြသလိုမျိုးဂျပန်နိုင်ငံဟာ ရေအောက်မြုပ်တော့မယ်၊အက်စစ်မိုးတွေရွာလိမ့်မယ်ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။
နူရာဝဲဆွဲ လဲရာသူခိုးထောင်းဆိုသလို ငလျင်ဖြစ်ပွါးတဲနေရာ ခရိုင်တွေမှာမိုးရွာ၊ နှင်းကျနေပြီး တိုကျိုမှာတော့မိုးအုံ့နေပါတယ်။
လာမည့်သောကြာနေ့အထိ ဆက်လက်ပြီး ဆောင်းတွင်းအေးသလိုမျိုးအေးဦးမယ်လို့ဆိုပါတယ်။
ကြိုကြားကြိုကြား လှုပ်တုန်းပဲ
ကားလမ်းကတော့ တောက်လျှောက်ပိတ်နေဆဲ
3/11 နံနက် ၄:၀၀
ငလျင်နောက်တစ်ချက်ထပ်လှုပ်တယ် အရမ်းတော့မပြင်းဘူး
အခုအချိန်ထိ သေဆုံးသူ 300 အထက် ပျောက်ဆုံးသူစာရင်းမသိရသေး
3/11 နံနက် ၃:၀၈
ရထားတွေကတော့ဖြည်းဖြည်းချင်းပြန်ဖွင့်နေပြီ
3/11 ည ၁၀:၄၂
ငလျင်ဒုက္ခသည်များကို မြို့လယ်ခေါင်မှာရှိတဲ့ Starbucks ကကော်ဖီအလှူဒါနပြုပါတယ်
သာဓု သာဓု သာဓု
3/11 ည ၉:၄၀
ရထားတွေလုံးဝမထွက်တော့ပါ
အားလုံးတန်းစီ အိမ်သာနဲ့လမ်းဘေးဖုန်း
Homeless တွေက အအိပ်မပျက်ဘူး
3/11 ညနေ ၅ နာရီ
ရထားတွေရပ် Bus တွေကြပ်
No comments:
Post a Comment