မြန်မာဆက်သွယ်ရေး ဘာလုပ်နေလဲ?
ဒီလို ကြေငြာပေးတာကတော့ ချစ်စရာကောင်းပါတယ်။ EPC
http://www.khitlunge.org.mm |
တစ်ဖက်မှာလည်း ကိုယ်ပိုင်အတွေ့အကြုံတွေကို ထုတ်ဖော်ထားတာတွေ့ရပါတယ်။ ဒါက MPT အတွက်ပါ
လျှပ်စစ်မီးကတော့ မိနစ် ၃၀ လောက် ပျက်ပြီး ပြန်လာပေမဲ့ လာလိုက်ပျက်လိုက်နဲ့ stable မဖြစ်ပါဘူး
မိုးရာသီမို့လို့ လျှပ်စစ်မီးက ကောင်းတယ်လို့ဆိုရပေမဲ့ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းက ခဏခဏပျက်ပါတယ်
မိုးရာသီမို့လို့ လျှပ်စစ်မီးက ကောင်းတယ်လို့ဆိုရပေမဲ့ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းက ခဏခဏပျက်ပါတယ်
လျှပ်စစ်မီးက အလှည့်နဲ့လာသလို လက်ရှိသုံးနေတဲ့ ဖုန်းလိုင်း ၃ လိုင်းက အလှည့်နဲ့ပျက်ပါတယ်
အောက်ပါ မှတ်တမ်းကိုကြည့်ပါ
July 22 ဖုန်းလိုင်း ပြတ်တောက်
July 28 ဖုန်းလိုင်း ပြတ်တောက်
August 6 ဖုန်းလိုင်း ပြတ်တောက်
August 12 ဖုန်းလိုင်း ပြတ်တောက်
August 20 အင်တာနက်လိုင်း ပြတ်တောက်
August 20 အင်တာနက်လိုင်း ပြတ်တောက်
အခုလို ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းက ပုံမှန်ဖြစ်မနေဘူးဆိုရင်
ဒီပုံစံနဲ့ business ကို ဘယ်လိုလုပ်ကြမလဲ လို့ မေး/ပြောရမလို ဖြစ်နေပါပြီ

* ဖုန်းလက်ကိုင်ကို မ, ပြီးနားထောင်ကြည့်လိုက်တယ် အသံမကြားရဘူး
နောက် pattern တစ်ခု
* ဖုန်းခေါ်လိုက်ရင် call မြည်သံကြားရတယ် တစ်ဖက်က မကိုင်ဘူး မရောက်တာလားမသိဘူး
နောက် pattern တစ်ခု
* ဖုန်းခေါ်လိုက်ရင် call က တစ်ခါပဲမြည်ပြီး လိုင်းပြတ်ကျသွားတယ်
နောက် pattern တစ်ခု
* ဖုန်းခေါ်ပြီးပြောလို့ရနေပေမဲ့ ဖုန်းထဲမှာမိုးရွာသံတွေကြားနေရတယ်
ဒါက သူ့ရဲ့အတွေ့အကြုံတွေပေါ့ နောက်ဆုံးမှာ ရေးထားတာလေးတွေ ခံစားကြည့်ပါဦး
ဒါဟာ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အခြေအနေနဲ့ အတူတူပဲ ဘာမှတိုးတက်မှုမရှိသေးပါဘူး
ဆက်သွယ်ရေးအခြေခံအဆောက်အအုံကို မြန်မြန် တည်ဆောက်စေချင်ပါတယ်
စာကြွင်း
ဒီနေ့လည်း အိမ်မှာ အင်တာနက်လိုင်းမကောင်းလို့ အင်တာနက်ကဖေးကို သွားလိုက်ပါဦးမယ် တဲ့ဗျာ
စာကြွင်း
ဒီနေ့လည်း အိမ်မှာ အင်တာနက်လိုင်းမကောင်းလို့ အင်တာနက်ကဖေးကို သွားလိုက်ပါဦးမယ် တဲ့ဗျာ
http://blogs.yahoo.co.jp/winjapn1789/23681175.html |
အဆိုပါ ဂျပန်ဆရာကြီးသည် လွန်ခဲ့သော ၁၅ နှစ်ကတည်းက မြန်မာနိုင်ငံ (ရန်ကုန်မြို့) တွင်
အခြေချနေထိုင်ခဲ့သူဖြစ်ပြီး WIN Japanese Language School ကို တည်ထောင်ထားသူဖြစ်သည်
မြန်မာ့မြေကို ချစ်သည်
မြန်မာလူမျိုးကို ချစ်သည်
လွန်ခဲ့သော ၁၅ နှစ်ကတည်းက ယနေ့အထိ သည်းခံနေသည်
သူ ရေးတာ မလွန်ပါ
ကျုပ်တို့နိုင်ငံမှာ ၁၅ နှစ်လုံးလုံး သည်းခံ၊ နေထိုင်သည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်

ဆရာကြီးခင်ဗျား
ပြည်တွင်းမှာတင်မဟုတ်ပါဘူး ကျုပ်တို့ ပြည်ပကနေခေါ်ရင်လည်း ဒီလိုပါပဲခင်ဗျား
No comments:
Post a Comment