Chiba ခရိုင် အနောက်မြောက်ပိုင်းကိုဗဟိုပြု၍ ရစ်ချတ်တာစကေး ၅.၂ ရှိသော အင်အားပြင်းငလျင် လှုပ်ခတ်သွားခဲ့ပါသည်။
တပြိုင်နက်တည်းမှာပဲ တိုကျိုမြို့တွင်း (၂၃) ရပ်ကွက်တွင်လည်း ရစ်ချတ်တာစကေး ၄ အဆင့်ရှိခဲ့ပါသည်။
ငလျင်လှုပ်သောအချိန်မှာ လူတွေအိပ်မောကျနေချိန်ဖြစ်သည်။ အိပ်ရာမှလန့်၍နိုးကြသည်။
11/3/2011 ငလျင်ကို သတိရသွားကြသည်။
စာအုပ်ဆိုင်များတွင် ရောင်းချနေသော လာမည့် (၄) နှစ်အတွင်း ငလျင်လှုပ်ဦးမည်ဟူသော ကြိုတင်ခန့်မှန်းချက်စာအုပ်များ၊
အကိုးအကားများကို ဂျပန်တို့ သတိပြန်ရသွားကြသည်။
အရေးပေါ်အထုပ်အပိုးပြင်ထားသောသူများလည်း တစ်ခေါက် ပြန်စစ်ဆေးကြသည်။
"မင်းတို့ နိုင်ငံခြားသားတွေက တိုင်းပြည်ပြန်လို့ရတယ် ငါတို့က တခြား သွားစရာမရှိဘူးလေ"
No comments:
Post a Comment