အမည် : Miki ( မိကီ )
အသက် : ၂၅ နှစ်
အလုပ်အကိုင် : သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်စီမန်ခန့်ခွဲရေးဝန်ထမ်း
Miyagi ခရိုင် Minami sanriku မြို့
" ၆ မီတာအမြင့်ရှိသော ဆူနာမီလှိုင်းလုံးများလာနေပါတယ် ဘေးကင်းရာကိုပြေးကြပါ "
ဟူသော သတိပေးကြေငြာချက်ကို နောက်ဆုံး ဆူနာမီနဲ့မျောပါသွားတဲ့အချိန်အထိ
အရေးပေါ်ကြိုးမဲ့အသံလွှင့်စက်ဖြင့်အဆက်မပြတ်လှုံ့ဆော်ခဲ့သူ
ငလျင်လှုပ်အပြီး ဆူနာမီအရေးပေါ်သတင်းကိုသိရချိန် မြို့နေလူထုအားလုံးကို တောင်ကုန်းပေါ်ရှိ
အထက်တန်းကျောင်းသို့အမြန်ဆုံးရှောင်ပြေးကြရန်သတိပေးခဲ့ပါတယ်။
ဆူနာမီကနေလွတ်မြောက်လာတဲ့မြို့ခံတွေပြောပြချက်အရ ငလျင်လှုပ်ပြီး နာရီဝက်အကြာမှာ
၁၀ မီတာလောက်မြင့်တဲ့လှိုင်းလုံးတွေဝင်ရောက်လာပါတယ် လို့ဆိုပါတယ်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်စီမန်ခန့်ခွဲရေးအဆောက်အဦးကနေ
လွတ်မြောက်လာသူ ၁၀ ရောက်ခန့်ရှိပေမယ့်အဲဒီအထဲမှာတော့ မိကီ ပါမလာခဲ့ပါဘူး။
အသက်ရှင်ကျန်နေခဲ့သူဝန်ထမ်းတွေထဲကတစ်ယောက်ကတော့ မိကီဟာရေထဲမျောပါသွားတာကို
တွေ့လိုက်တယ်ဟုပြောပါတယ်။
" သမီးလေးက နောက်ဆုံးအချိန်အထိ အားလုံးကို အဆက်မပြတ်လှုံ့ဆော်သတိပေးသွားတယ်
လို့ထင်ပါတယ် "ဟု သူမ၏မိခင်ဖြစ်သူဟာ ထိန်းမနိုင်သိမ်းမရစီးဆင်းနေတဲ့မျက်ရည်စတွေနဲ့
ပြောပြသွားပါတယ်။
Miyagi ခရိုင် Minami sanriku မြို့ |
မိကီတစ်ယောက်နောက်ဆုံးအချိန်ထိအရေးပေါ်ကြိုးမဲ့အသံလွှင့်စက်ဖြင့်အဆက်မပြတ်လှုံ့ဆော်ခဲ့သော သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်စီမန်ခန့်ခွဲရေးအဆောက်အဦး ( ညာ ) မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့်ပါတ်သက်၍ NHK တွင်ထုတ်လွှင့်ပြသသွားသည်ကိုလည်းကြည့်ရှူခဲ့ရပါသည်။ ၄င်းရက်များက သူမ၏အသံပါရှိသော ဆူနာမီဝင်ရောက်နေသည့် video file ကို youtube နှင့် blog အများအပြားတွင် တွေ့ရှိခဲ့သော်လည်း ဒီအကြောင်းကိုရေးတဲ့အချိန် ပြန်ရှာကြည့်တော့ user ကိုယ်တိုင်ပြန်ဖျက်လိုက်ပါတယ် ဆိုတဲ့တဲ့စာသားကိုသာတွေ့မြင်ရပါတယ် မိမိ၏အသက်ကိုပဓာနမထားပဲ သေဆုံးခါနီးအချိန်အထိ တာဝန်ကိုကျေပွန်စွာထမ်းဆောင်သွားသော မိကီ နှင့် ကွယ်လွန်သူအပေါင်းတို့အား အမျှ..... အမျှ..... အမျှ.....ပေးဝေလျက် ပရလောကသားများ |
No comments:
Post a Comment