ဂျပန်ကိုလာမယ့် ကိုကို မမ တို့အတွက်ပေါ့........
ဟုတ်ကဲ့ပါ၊
အရမ်းအရမ်းကို လာချင်နေရင်တော့ Student Visaနဲ့ပဲလာစေချင်ပါတယ်၊လူခံကော င်းရင်လည်းဖြစ်တယ်၊
ချေးငှားပြီးလာကြတဲ့သူတွေလည်း အလုပ်အဆင်မပြေတော့ ကမ္ဘာပျက်ကြရတယ်။ဘာဖြစ်လို့လဲဆို တော့
အလုပ်တွေရှားသွားပြီလေ။အရင်ကလို ‘‘ရွှေခေတ်’’ မဟုတ်တော့ဘူး။မျက်စိစုံမှိတ်ပြီးလာကြတဲ့ကိုယ့်လူတို့
ကိုတော့လေးစားပါတယ်။သိန်း ၁၅၀/၂၀၀ လောက်ရင်းပြီးမှ အလုပ်မရဘဲငုတ်တုပ်မေ့နေမယ်ဆို ရင်ဘာလုပ်
မှာလဲ? နှမျောဖို့ကောင်းပါတယ်၊
" ဟာဗျာ ကျုပ်တို့က စာပြန်သင်ရမယ့်အရွယ်မဟုတ်တော့ဘူးဗျ " ဆိုရင်တော့
သဘောတော်အတိုင်းပါပဲ အလုပ်တော်တော်များများကစာရွက်စာ တမ်းတွေ
တောင်းပါတယ်၊ ကျောင်းသား/သူဆိုရင်လဲ အလုပ်လုပ်ခွင့်ကဒ်ပြား၊နိုင်ငြံ ခားသားကဒ်တွေတောင်းပါတယ်။ ဘူတာမှာ၊လမ်းမှာ
ရဲကလာစစ်ရင် ကျောင်းသားမကလို့သိကြားမင်းရဲ့ သားပဲဖြစ်နေပါစေနိုင်ငံခြားသား ကဒ်ကိုအရင်တောင်းစစ်
ပါတယ်၊နောက်တစ်ခုကဂျပန်မှာအသိမိ တ်ဆွေရှိရင်ဆက်သွယ်ပြီး အလုပ်နဲ့ပတ်သက်တာတွေသေသေချာ
ချာမေးပါ၊
ဟိုတလောကအသိတစ်ယောက်နဲ့onlineမှာတွေ့တော့သူကဂျပန်လာဖို့လုပ်ေ နတယ်ပေါ့၊ဒီမှာအလုပ်
တွေသိပ်မကောင်းဘူး၊ပြီးတော့ ခင်ဗျားလမ်းကြောင်းကခိုင်ရဲ့လား လို့မေးတော့ " ခင်ဗျားတို့ကျတော့
ဂျပန်မှာကောင်းစားနေပြီး ကျုပ်တို့လာဖို့ကျတော့ဘာဖြစ်သေ လးညာဖြစ်သလေး " ဆိုပြီး အဟောက်ခံ
လိုက်ရပါတယ်။ပွဲစားရဲ့လေတွေမိေ နတယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်၊
အလုပ်တွေကပေါပါတယ်၊ကိုယ်ကရွေး တတ်ဖို့ပဲလိုတယ်ဆိုပဲ၊
တယ်ဆိုတဲ့စာဆိုကြီးပါလား
ကျုပ်တို့တောင်တစ်ခေါက်ပြန်၊အဲ ဒီပွဲစားနဲ့လှုပ်ရှားပြီးပြန်ထွ က်ရမလိုဖြစ်နေပြီ။
ပိုင်တယ်နော.......
ဒီလိုနဲ့ပဲရောက်ပြီးမှအခြေအေ နမဟန်လို့မထူးဇာတ်ခင်းလိုက်ရသူေ တွကိုမြင်ရလွန်းလို့ကျုပ်တို့ အတွက်
ရိုးနေပြီ။အရင်တုန်း ဂျပန်ဆိုတာ အဝင်တစ်ချက်ပါပဲဆိုတာက ကံမကောင်းအကြောင်းမလှသူတွေအတွက် ပါ၊
လေဆိပ်အဝင်Immigration မှာဘာမေးမှန်းမသိလိုက်လို့တွေေ ဝပြီးကြောင်တောင်တောင်ဖြစ်နေရင် အထဲခေါ်
သွားပြီးစစ်တော့တာပါပဲ။မကြောက် မရွံ့နဲ့အေးအေးဆေးဆေးဆိုရင်တော့ ပြဿနာမရှိပါဘူး၊လက်ရှိအနေ
အထားမှာလည်းမခက်ခဲပါဘူး၊ဂျပန်နိုင်ငံထဲရောက်တော့မှအလုပ်ရှာမရတာ သာခက်တာပါ။
နိုင်ငံခြားထွက်ပြီဆိုကတည်းကလု ပ်ရမယ့်အလုပ်တွေကအောက်ခြေသိမ်း အလုပ်တွေဆိုတာခင်ဗျားတို့
လဲသိပြီးသားပဲ၊
ဒါ နတ်ပြည်တက်တဲ့ကိစ္စမဟုတ်။
ခေါက်ဆွဲဆိုင်၊စားသောက်ဆိုင်၊ေ က်ာဖီဆိုင်တွေမှာ၊ကျောင်းသား/သူ တွေအတွက်အရက်ဆိုင်၊ဘီယာဆိုင်
ဆိုတာကတရားဝင်ခွင့်မပြုထားပေမယ့် နားလည်မှုပေါ့။စားပွဲထိုး၊မီး ဖိုချောင်အချက်အပြုတ်၊ခင်ဗျားတို့
သိပြီးသားဖြစ်တဲ့အိုက်တိုး ပဂေးဆံ ပေါ့။ဒါပေမယ့် Student Visaနဲ့ဆိုတော့မျက်နှာပန်းလှတာေ ပါ့၊ဂျပန်
ကျောင်းသား/သူတွေလည်းကျောင်းတက် ရင်းအချိန်ပိုင်းအလုပ်လုပ်ကြတယ် ။
အခု Student Visa တွေတောင်အလုပ်တွေရှားနေပြီ၊ အရင်တုန်းကကြားနေကျ
" မနေ့ညက ၄ နာရီပဲအိပ်ရသေးတယ် "
" မနေ့မနက်ကနေဒီနေ့ညနေအထိမအိပ်ရေ သးဘူး " ဆိုတဲ့ကျုပ်တို့ရဲ့မြန်မာကျောင်းသား/သူတွေဟာယနေ့လက်ရှိအနေအထား မှာ အိပ်ရေးဝနေကြပါပြီ၊
ကဲ.....
ကျေးဇူးပြုပြီး သေသေချာချာ စုံစမ်း လမ်းကြောင်းခိုင်တယ်ဆိုမှသာ လာခဲ့ကြပါ
ကြိုဆိုနေပါတယ်ဗျား......
တာတေကြီး
ပရလောက
No comments:
Post a Comment